သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-09
ပြည်သူလူထုသာ အရည်အချင်းပြည့်ဝခဲ့မယ်ဆိုရင် အချည်အချင်းမဲ့တဲ့ အစိုးရတစ်ရပ် အာဏာရလာဖို့ဆိုတာ ခက်ခဲကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး စကားဝိုင်း မှာ ပြောခဲ့ပါတယ်။
2018-08-08
ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကို ပြန်လည်လက်ခံရန် မြန်မာအစိုးရအနေနဲ့ လိုအပ်သလို လုပ်ဆောင်ခြင်း မရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-08
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည်ခေါ် ယူရေးအတွက် မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကုလသမဂ္ဂ လက်အောက်ခံ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ UNDP ကုလဖွံ့ဖြိုးရေး အစီအစဉ်တို့က မြန်မာအစိုးရအနေနဲ့လုပ်ငန်းတွေ ထင်သာမြင်သာ တိုးတက်မှုရှိအောင် ဆောင်ရွက်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2018-08-08
မြေသိမ်းခံလယ်သမားတွေအရေး ဆောင်ရွက်နေတဲ့ မန္တလေးမြို့က လယ်သမားသမဂ္ဂခေါင်းဆောင် ကိုအေးသိန်းကို မန္တလေးမြို့က ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံအနှစ် ၃ဝ ပြည့် အခမ်းအနားရဲ့ ပြင်ပမှာ အရပ်ဝတ်ရဲတွေက ဖမ်းဆီးသွားပါတယ်။
2018-08-08
၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံအနှစ် ၃ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပသလို၊ မန္တလေးမြို့မှာလည်း ကျင်းပခဲ့ပါတယ်။ မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ အထက်မြန်မာပြည် ကိုယ်စားပြု ၈ လေးလုံး လူထုဒီမိုကရေစီ အရေးေးတာ်ပုံ ပုလဲရတု အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေလည်း တက်ရောက်ကြပါတယ်။
2018-08-08
ရခိုင်ပြည်နယ်မှာ သိသာထင်ရှားတဲ့ တိုးတက်မှု အခြေအနေတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ အဖွဲ့ အစည်းတွေက တိုက်တွန်းလိုက်ကြပါတယ်။
2018-08-08
မြန်မာ နဲ့ အိန္ဒိယကြား နိုင်ငံတကာ အဝင် အထွက် စစ်ဆေးရေးဂိတ်တွေ ဒီနေ့ သြဂုတ်လ ၈ ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်ပါြ့ပီ။
2018-08-08
ဒီနှစ် ဇူလိုင်လကနေ သြဂုတ်လဆန်းပိုင်းအထိ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှုတွေ ကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ပြီး လူဦးရေ ၁ သိန်းခွဲကျော် ရေဘေးဒဏ်ခံခဲ့ရပါတယ်။
2018-08-08
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် ကျိုင်းခမ်းဒေသမှာ နှစ်ရှည်သစ်ပင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၄ ခုက အလုပ်သမား ၁၂ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA က ၈ နှစ်နီးပါးကြာ ဖမ်းဆီးထားခဲ့တာကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
2018-08-08
လက်ရှိအခြေအနေဟာ လမ်းခုလတ်မှာပဲရှိနေပြီး ရွေးချယ်ခံကိုယ်စားလှယ်တွေ ရာနှုန်းပြည့်ပါဝင်တဲ့ လွှတ်တော်ဖြစ်အောင် အားစိုက် ကြိုးပမ်းရဦးမှာ ဖြစ်တယ်လို့ ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။
2018-08-08
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ် ချောက်ကန်ကျေးရွာက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြည်သူ့စကားဝိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
2018-08-08
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံရွာအနီးက ဧရာရတနာ လုပ်ကွက်အဟောင်းမှာ ဇူလိုင် ၂၄ က ကျောက်တောင်ကမ်းပါးယံပြိုကျပြီး လူ ၂၇ ဦး ပျောက်ဆုံးနေတဲ့ အထဲက သေဆုံးသူ ၂၃ ဦးကို ရှာဖွေတွေ့ရှိအပြီးမှာ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါတယ်။
2018-08-08
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပြည်သူ့ဆေးရုံက အဝင်တံခါးမကြီးကို ပိတ်ထားခဲ့တဲ့အပြင် လူနာအရေးပေါ် ကုသခံရဖို့ လိုအပ်နေချိန်မှာ ဆရာဝန်တွေ လာရောက်ကြည့်ရှု စစ်ဆေးမှု မလုပ်နိုင်ခဲ့တာကြောင့် အချိန်မီ ကုသမှု မခံရဘဲ အသက် ၂၄ နှစ်အရွယ် ကိုကျော်ဝင်း သေဆုံးခဲ့ပါတယ်။
2018-08-08
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဖိလစ်ပိုး ဂရန်းဒီ က ရိုဟင်ဂျာ မွတ်စလင်တွေ နေရပ်ပြန်ရေးအတွက် အာရှပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2018-08-08
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တားရို ကိုးနို က ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ မြန်မြန်ဆန်ဆန် နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရကို အချက် ၅ ချက် အကြံပေးခဲ့တယ်လို့ ပြောပါတယ်။