သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-07
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူက တင်မြှောက်တဲ့အကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့မနက်က ဆန္ဒပြတဲ့ MDCF- ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုက ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်ကို အင်္ဂါနေ့မနက် ၁ နာရီခွဲလောက်မှာ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ ဖမ်းဆီးသွားပါတယ်။
2014-07-07
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့် ဘလူမြို့နယ် ထောက်ရှာအိုင်ကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်မြေတွေပြန်ပေး ဖို့ တောင်သူ ၃၀ လောက်က သပိတ်စခန်းဖွင့် ဆန္ဒပြတောင်း ဆိုတာ ဒီနေ့ဆိုရင် ၄ ရက်ရှိပြီ ဖြစ်ပါတယ်။
2014-07-07
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်မှာရှိတဲ့ စိန်ကမ္ဘာချည်မျှင်စက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၂ ဦးကို ပြန်ခန့်ပေးဖို့ အလုပ်ရှင်က လိုက်လျောပေးလိုက်တာကြောင့် ဆန္ဒပြနေတဲ့ အလုပ် သမားအားလုံး မနက်ဖြန်မှာ အလုပ်ခွင်ပြန်ဝင်တော့မယ်လို့ သိရပါတယ်။
2014-07-07
မန္တလေးမြို့က ဆူုပူမှုပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထုြတ်ပန်ကြေညာချက် ကို ပြုပြင်ဖြတ်တောက်ကာ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရဲသွေးဆိုတဲ့အမည်နဲ့ လိမ်လည်ဖြန့်ဖြူးခဲ့တဲ့ ကိစ္စကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးစုံစမ်းဖော်ထုတ် အရေးယူပေးဖို့ NLD က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-07-07
အကြမ်းဖက် ပဋိပက္ခများကို အနာဂတ် ကာလမှာ ရှောင်ရှားနိုင်ဖို့အတွက် သတင်း အမှန်များကို အဆင့်ဆင့်တင်ပြပြီး ပြည် သူတွေကိုအချိန်မီ အသိပေးဖို့ ဘာသာပေါင်းစုံချစ်ကြည်ရေး အသင်းက ဒီကနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက် ပါတယ်။
2014-07-07
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ဆဲဗင်း ဂျူလိုင် ကျောင်းသားအရေးအခင်း ၅၂ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွေကို တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်တို့က ရန်ကုန် နဲ့ ပြင်ဦးလွင်မြို့တွေမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။
2014-07-07
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ် စဉ်တွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ဦးကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖဲွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦး က ဒီနေ့ ပြောပါတယ်။
2014-07-07
တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် Truth Foundation က ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ပေးအပ် ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ထည့်သွင်းအသုံးပြုသွားမှာဖြစ်ကြောင်း ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။
2014-07-07
မန္တလေးမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက် တိုက်ခိုက်မူတွေဟာ အင်တာနက်မှာ သစ်ထူးလွင်ဘလော့စာမျက်နှာက ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ဒီဓါတ်ပုံတွေကို မိမိဘလော့မှာ တင်ထားခြင်း မရှိကြောင်း ဘလော့ တာဝန်ခံ ကိုသစ်ထူးလွင်က ငြင်းဆို ပါတယ်။
2014-07-06
မြန်မာ နဲ့ သီရိလင်္ကာ နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မွတ်စလင်တွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ကြဖို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား က မနေ့က ထပ်မံပန်ကြားလိုက်ပါတယ်။
2014-07-06
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် ခဲ့တဲ့ တောင်သူတွေထဲက တောင်သူ ၁၉၀ ဦးကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့် ထားတယ်လို့ တောင်သူတွေက ပြောပါတယ်။
2014-07-06
၂၀၀၈ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ တောင်းဆို တဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေ မကြာခင် လွှတ်တော် ထဲရောက်တဲ့ အခါ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်ပေးနိုင်ရဲ့လားဆိုတာ သိရတော့မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြော ကြားလိုက်ပါတယ်။
2014-07-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် လူငယ်အားလုံး နိုင်ငံရေးတာဝန်တစ်ရပ် အဖြစ် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံး ဖတ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-07-06
လေးပြင်လေးရပ်က ဆရာတော် အပါး ၅၀ လောက်ရဲ့ သြဝါဒပေးပွဲကို မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မ တီက ဦးစီးပြီး ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-07-06
မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီတွေ အနေနဲ့ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းပါဝင်ကူညီပေးကြဖို့ မန္တလေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တာဝန်ရှိ သူတွေကို မနေ့က ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရပါတယ်။