သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-01
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ရောက်မယ့် ကချင်ပြည်နယ် မိုင်ဂျားယန်ဆွေးနွေးပွဲကို ခွင့်ပြုပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်တွေက ဒီကနေ့ ၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေးကော်မတီနဲ့ ဒီကနေ့ ဆွေးနွေးခဲ့ ပါတယ်။
2016-07-01
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ မှုခင်း ကျဆင်းရေးအတွက် အရက်ဆိုင်တွေအပြင် ကွမ်းယာဆိုင်တွေကိုပါ ည ၈ နာရီမှာ ပိတ်ခိုင်းထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြော ပါတယ်။
2016-07-01
ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ရက္ခိုင့်တပ်မတော် AA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ ကိုးကန့် တပ်မတော် MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့လိုကြောင်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောပါတယ်။
2016-07-01
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရာမှာ လီဆူတိုင်ရင်းသားတွေ ပါဝင်ကြဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက တိုက်တွန်းပြော ကြားလိုက်ပါတယ်။
2016-06-30
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန် ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် နိုင်ငံ တကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးဖြစ်တဲ့ အဆင့် (၃) နေရာကို လျှော့ချလိုက်ပါတယ်။
2016-06-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအဝင်မှာ လူသေအလောင်း ၇ လောင်းကို တွေ့ရှိခဲ့ပါတယ်။
2016-06-30
လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ လိုလားချက်တွေကို စုစည်းတင်ပြနိုင်ဖို့ အတွက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ ENAC က ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ အင်းလျား လိတ် ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
2016-06-30
မြန်မာ့မီးရထားက မန္တလေးတိုင်း မြို့ဟောင်းဘူတာကနေ ကချင်ပြည် နယ် မြစ်ကြီးနားဘူတာအထိ ကုန်မျိုးစုံနဲ့ ဆီတွေတင်ဆောင်တဲ့ ကုန်ရထားတန်ဆာခနှုန်းထားတွေကို အခုလလယ်ပိုင်းကစပြီး လျှော့ချလိုက်ပါတယ်။
2016-06-30
တပ်မတော်က တရားစွဲဆိုခဲ့တာကြောင့် 7 Day သတင်းစာအနေနဲ့ နိုင်ငံပိုင်သတင်းစာ မှာ ပြန်လည်တောင်းပန်ကြောင်း ဖော်ပြခဲ့ ရတာဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထင်မြင်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်က သဘော ထားထုတ်ပြန်ချက်တစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2016-06-30
အစိုးရရဲ့မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီကို ဖြန့်ဝေဖို့ နဲ့ ပြည်သူတွေရဲ့ သဘောထားတုန့်ပြန် ချက်တွေကို သိရှိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး က Viber အကောင့်ကို ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2016-06-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ တို့ လာမယ့် ဇူလိုင်လအတွင်း နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
2016-06-30
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှာ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းစာတိုက်နဲ့ ပုံနှိပ်စက် အဆောက်အအုံအတွက် သိမ်းဆည်းခဲ့တဲ့ တောင်သူ ၇၄ ဦးပိုင် လယ်ယာမြေ ဧက ၂ဝဝ ကျော်ကို တောင်သူတွေ ဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
2016-06-30
မန္တလေးမြို့က မီးလောင်သွားခဲ့တဲ့ မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်ရာမှာ ဈေးသူ ဈေးသားတွေ ရဲ့ ဆန္ဒအတိုင်းသာ ဆောင်ရွက်ပေးဖို့အတွက် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဈေးသူ ဈေး သားတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-06-30
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်ကို လိုက်နာမှုရှိမရှိ လေ့ လာစောင့်ကြည့်မယ့် မွန်ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို ဒီနေ့ မော်လ မြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
2016-06-30
ကယားပြည်နယ် ဖားဆောင်းမြို့ နယ် မော်ချီးမှာ မြေပြိုနိုင်တဲ့ အန္တရာယ်တွေကြောင့် ဒေသခံ ၅ဝဝ ကျော် ပြောင်းရွှေ့နေထိုင်ဖို့ ပြည်နယ်အစိုးရက ဒီနေ့ ပေ ၆ဝ ပတ်လည်ရှိတဲ့ မြေကွက် ၁၅ဝ ကျော် လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။