သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-22
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က နိုင်ငံသား စိစစ်ရေးကဒ် (ပန်းရောင်ကဒ်) ကိုင်ဆောင် ထားတဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပေးဖို့ မြေပုံမြို့ခံတွေက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ထံ မနေ့က တင်ပြတောင်းဆိုလိုက်ပါတယ်။
2014-06-22
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ ဝင်ရောက်ထွန် ယက်တဲ့ လယ်သမားတွေအရေးကို လိုက်ပါကူညီသူနဲ့ လယ်သမား ၁၂ ဦးကို ကျူးကျော်ဝင်ရောက်မှု၊ အကျိုးဖျက်ဆီး မှုတို့နဲ့ မနေ့က တရားစွဲဆိုထားပါတယ်။
2014-06-21
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ-ဗဟို)ရဲ့ တစ်နှစ်ပြည့် ညီလာခံကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်းဆန်းတောရ တပ်ဦး ဘုန်တော်ကြီးကျောင်းမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2014-06-21
သြစတြေးလျကို ရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်း သားခေါင်းဆောင် ၃ ဦးဟာ ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ အရေးလှုပ်ရှားနေ သူတွေ၊ မြန်မာမိသားစုတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2014-06-21
၈ လေးလုံး အရေးတော်ပုံကြီးမတိုင်ခင် ၁၉၈၈ ခုနှစ် ဇွန်လ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ လုံထိန်းတပ်ဖွဲ့တွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြတဲ့ အခြေခံပညာ အထက်တန်းကျောင်းသားတွေနဲ့ ရဟန်းရှင်လူ ပြည် သူတွေကို ဂုဏ်ပြုအလေးပြုတဲ့ အထိမ်းအမှတ်တစ်ခုကို ဒီနေ့ရန်ကုန်မြို့ မြေနီကုန်းမီးပွိုင့်လမ်းဆုံမှာ ကျင်းပခဲ့ ပါတယ်။
2014-06-21
နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ်ကနေ မူလတပ်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော် အတွက် တပ်မတော်ကိုယ်စားလှယ်အဖြစ် အစားထိုးပြောင်း လဲကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာ ပါတယ်။
2014-06-21
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲ ဖြစ်ဖို့အတွက်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2014-06-21
ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ထိပ်တန်းစစ်ဘွဲ့ထူးတွေအပေါ် ဝေဖန်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်တပ်အကြီးအကဲတွေနဲ့ စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းပန်လိုက်ပါတယ်။
2014-06-21
နိုင်ငံတကာသာသနာပြု ပီနန်ဆရာတော် ဦးပညာဝံသရဲ့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းနဲ့ ပတ်သက်ပြီး တရားသဖြင့်ဖြေရှင်းပေးဖို့ အမေရိ ကန်ရောက် မြန်မာရဟန်းသံဃာတွေနဲ့လူပုဂ္ဂိုလ်တချို့က နယူးယောက်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မနေ့နေ့လည်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-06-21
အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ မွန်ပြည်နယ်၊ ကရင်ပြည် နယ် ဘားအံမြို့၊ ရန်ကုန်မြို့နဲ့နေပြည်တော်ကို ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ သွားရောက်မယ်လို့ ဝါရှင်တန်ဒီစီရုံးက ကြေညာလိုက်ပါတယ်။
2014-06-21
တရုတ်-အိန္ဒိယ နှစ်နိုင်ငံသဘောတူခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး သဘောတူစာချုပ် အနှစ် ၆၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ အခုလကုန်ပိုင်းမှာကျင်းပ မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် တက်ရောက်မယ်လို့ သိရပါတယ်။
2014-06-21
ဇွန်လ ၂ဝ ရက် မနေ့ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ အမေရိကန်က နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီက မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေရှိတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တယ် လို့ သိရပါတယ်။
2014-06-20
မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို ဆက်လက် အကောင်အထည်မဖေါ်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2014-06-20
မြန်မာနိုင်ငံဟာ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေကို အဓမ္မလုပ်အားပေးခိုင်းစေ တာနဲ့ အမျိုးသမီးနဲ့ ကလေးတွေကို လိင် လုပ်ငန်းအတွက် တခြားနိင်ငံရောင်းစားတဲ့ ပင်မတစ် နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့ က ပြောကြားလိုက်ပါတယ်။
2014-06-20
မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။