သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-20
PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ နဲ့ စုဖွဲ့ ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ် သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။
2014-06-20
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ မဟာသန္တိသုခကျောင်း တိုက်က အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ပါးဟာ ဒီနေ့ တာမွေမြို့နယ် တရားရုံးက အာမ ခံပေးလိုက်ပြီး ညနေပိုင်းမှာ မဟာသန္တိသုခကျောင်းတိုက် အနီးက သာသနာ့ဇေယျမင်္ဂလာ ပရိယတ္တိစာသင်တိုက်မှာ သိမ်ဝင်ပြီး ရဟန်းအဖြစ် သိက္ခာတင်ခဲ့ပါတယ်။
2014-06-20
သြစတြေးလျနိုင်ငံကို အလည် အပတ်ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင် ငံခြားရေးဝန်ကြီး Julie Bishop နဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ သြစတြေးလျအစိုးရက ပါဝင်ကူညီနိုင်မယ့် ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2014-06-20
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့တာ အချိန် ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီးဖြစ်ပေ မယ့် နှစ်ဘက်ဒုက္ခသည်တွေရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Mr. Thierry Mathou က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။
2014-06-19
အခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို ဗြိတိန်နိုင် ငံရောက် မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက် မနေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့ကြပါတယ်။
2014-06-19
မြန်မာနိုင်ငံမှာ ဒီနှစ် ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပထမနှစ်လအတွင်း တရားမဝင် ခုတ်လှဲ ထုတ်ယူခဲ့တဲ့ သစ်တန်ချိန် တစ်သောင်း ခွဲကျော် ဖမ်းဆီးမိခဲ့ပါတယ်။
2014-06-19
အခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေးလက် မှတ်ရေးထိုးပွဲကို ဗြိတိန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက် မနေ့က လန်ဒန် မြို့ မြန်မာ သံရုံးရှေ့မှာကျင်းပခဲ့ကြပါတယ်။
2014-06-19
ဒီနေ့မှာကျရောက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၉ နှစ်မြောက် မွေးနေ့အခမ်း အနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။
2014-06-19
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံး မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးကို သပိတ်မှောက်ဆန္ဒပြ ခဲ့ပါတယ်။
2014-06-19
သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
2014-06-19
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ တိုင်းပြည်ရဲ့ လိုအပ် ချက်ဖြစ်တဲ့အ တွက် ပြည်သူတွေအားလုံး အောင်မြင်အောင် လုပ်ဆောင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ သူ့ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ မှာ တိုက်တွန်းပြောကြားပါတယ်။
2014-06-19
အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်း တိုက်က ဗြိတိသျှ နိုင်ငံသား ဆရာတော် ဦးဥတ္တရ နဲ့ သံဃာ ၄ပါးအမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ ရန်ကုန်တိုင်း အစိုးရ၊ နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့နဲ့ ရန်ကုန်တိုင်း သံဃာ့နာယက ဆရာတော်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
2014-06-19
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2014-06-18
တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်း တိုက်ကို အာဏာပိုင်တွေ ဇွန်လ ၁ဝ ရက် ညက ဝင်ရောက်စီးနင်းကာ သံဃာတော်တွေကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2014-06-18
မြန်မာနိုင်ငံမှာ ဒုတိယနှစ်အဖြစ် ပြသနေတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံ တကာရုပ်ရှင်ပွဲတော်မှာ ပြသဖို့ စီစဉ် ထားတဲ့ မှတ်တမ်းရှပ်ရှင်ကားတစ်ကားနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာခဲ့တာကြောင့် ပြပွဲစီစဉ်သူတွေက မပြသဖို့ ဆုံးဖြတ်လိုက်ပါတယ်။