သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနေ့က တပ်မတော်ရေတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့သလို ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အရှေ့ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
2019-11-25
မြန်မာပြည်မှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင် တရားရုံး ICJ မှာ အမှုဖွင့်ထားတာကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကန့်ကွက် ဆန္ဒပြကြပါတယ်။
2019-11-25
ရခိုင်ပြည်နယ် ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို ဖြတ်ပြီး စစ်တွေမြို့ကို ဆက်သွယ်မယ့် ကစ္ဆပနဒီ (ကုလားတန်) မြစ်ကူးတံတား တည်ဆောက်ဖို့ အိန္ဒိယနိုင်ငံဘက်က စိတ်ဝင်စားမှု မရှိတော့ပေမယ့် အစိုးရဘတ်ဂျက်နဲ့ ၂၀၂၁ ခုနှစ်မှာ ဆောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
2019-11-25
ကရင်ပြည်နယ်နဲ့ နိုင်ငံအရှေ့ပိုင်းဒေသတွေအတွက် အစိုးရကို ကမ္ဘာ့ဘဏ်က ကူညီမယ့် ဒေါ်လာသန်း ၂၀၀ ကျော် စီမံကိန်းဟာ ဒေသခံတွေ ဖွံ့ဖြိုးရေးထက် ပဋိပက္ခတွေ ပိုမိုဖြစ်စေနိုင်တာကြောင့် ကန့်ကွက်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN က ထုတ်ပြန်ထားပါတယ်။
2019-11-25
ရခိုင်ပြည်နယ်မှာ စစ်ရေးကာလအတွင်း အစိုးရနဲ့တပ်မတော်က ဖမ်းဆီးအရေးယူထားသူတွေကို လွှတ်ပေးမယ် ဆိုရင် AA ဘက်ကထိန်းသိမ်းထားသူတွေကိုလည်း ပြန်လွှတ်ပေးသွားမယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဒီနေ့ ထပ်မံကမ်းလှမ်းလိုက်ပါတယ်။
2019-11-24
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဆီကနေ တပ်မတော် သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းအမြောက်အမြားထဲမှာ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေ ပိုများတယ်လို့ တပ်မတော်က ဒီနေ့ ပြောလိုက်ပါတယ်။
2019-11-24
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို သွားရောက် ရင်ဆိုင်မယ့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေ ရှိလာမယ့်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2019-11-24
ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စစ်ခုံရုံးရဲ့ စစ်ဆေးအရေးယူမှုတွေကို ဆက်လက်စောင့်ကြည့်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောလိုက်ပါတယ်။
2019-11-24
ရက္ခိုင့်တပ်တော် AA ကဖမ်းဆီးထားတာ ရက်ပေါင်း ၂၀ ကျော်ရှိသွားပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးမှာ မဟုတ်သေးဘူးလို့ AA ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။
2019-11-23
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ ပြီးနောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဝှက်ထားတဲ့ လက်နက်မျိုးစုံ တစ်ရာကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရ မိကြောင်း တပ်မတော်က ပြောပါတယ်။
2019-11-23
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ မြန်မာယန်စီကုမ္ပဏီက စီမံကိန်း အသုံးပြုခွင့် ရထားတဲ့ မြေဧကထက် ကျော်လွန်ပြီး ခြံစည်းရိုးခတ်နေလို့ ဆိုပြီး ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
2019-11-23
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ အမှတ် ၅၅၀ တပ်ရင်းရှေ့ကနေ ညဘက် ဆိုင်ကယ်နဲ့ ဖြတ်သွားသူနှစ်ဦး သေနတ်ပစ်ခတ်ခံရလို့ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
2019-11-22
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စတင်စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ခွင့်ပြု လိုက်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မှာဖြစ်ကြောင်း ICC ရှေ့နေ ဖာတူး ဘင်ဆိုဒါ (Fatou Bensouda) က ပြောလိုက်ပါတယ်။
2019-11-22
၂၀၁၈ ဒီဇင်ဘာကစလို့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေအတွင်း AA က စစ်ဘက်နဲ့ ဆက်စပ်လို့ဆိုပြီး သံသယနဲ့ ဖမ်းဆီးထားသူ အရေအတွက် ပိုများလာနေပါတယ်။
2019-11-22
ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအနီးမှာ မနေ့ကစလို့ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။