သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-27
မန္တလေးတိုင်း စဉ့်ကိုင်နဲ့ ပုသိမ်ကြီးမြို့နယ်တွေက ကျေးရွာတွေမှာ တပ်မတော်နဲ့ ဒေသခံရွာသားတွေ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေရာကနေ နိုဝင်ဘာလ ၂၆ ရက်နေ့ မနေ့က မနက်အစောပိုင်းမှာ တပ်မတော်က အင်အားသုံး ဝင်ရောက် ဖျက်သိမ်းခဲ့ပါတယ်။
2020-11-27
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်ဟာ မဲစာရင်းမပါသူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့ ဖိအားပေးတယ်လို့ မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီဝင်တစ်ဦးက စွပ်စွဲပြီး ချောင်းနှစ်ခွ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2020-11-26
၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကာလ ကြိုတင်မဲကောက်ယူစဉ်နဲ့ မဲရုံမှာတာဝန်ထမ်းဆောင်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဆရာ ဆရာမ အယောက် ၅၀ ကျော်ရှိပြီး ၂ ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ပြောပါတယ်။
2020-11-26
ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်သစ်အဖြစ် လက်ရှိ ဧရာဝတီတိုင်းတရားသူကြီး ဖြစ်တဲ့ ဦးမျိုးညွန့်ကို ခန့်အပ်ဖို့အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2020-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရ ပထမငါးနှစ် သက်တမ်း အတွင်း ငြိမ်းချမ်းရေး ထင်သလောက် ခရီးမပေါက်ခဲ့ပေမယ့် နောက်ငါးနှစ်ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ UWSA " ဝ" အပါအဝင် AA ရက္ခိုင့်တပ်တော်တို့က ထုတ်ပြန်ထားပါတယ်။
2020-11-26
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ဘဲ အေးချမ်းနေတဲ့အတွက် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် အပါအဝင် တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီပြီး နေရပ်ကိုပြန်နေကြပါတယ်။
2020-11-26
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အချိန်တစ်လကြာ ဝင်ငွေရ အလုပ် အကိုင်တစ်ခုကို EU ဥရောပသမဂ္ဂရဲ့ ငွေကြေးအကူအညီနဲ့ စစ်တွေမြို့က အရပ်ဘက်အဖွဲ့တချို့ ပူးပေါင်းပြီး ဖန်တီပေးထားပါတယ်။
2020-11-26
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ မသမာမှု တစ်ထောင်ကျော်ကို ပြန်လည်စီစစ်ပေးမယ်ဆိုရင် USDP ရဲ့ ရွေးကောက်ပွဲရလဒ်က ပြောင်းလဲလာနိုင်မယ်လို့ထင်ကြောင်း USDP ပါတီခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
2020-11-25
ငြိမ်းချမ်းရေးအတွက်ဆိုရင် တပ်မတော်အနေနဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်ရေးကိစ္စပါအဝင် အပြုသဘောလုပ်ဆောင်ချက် အားလုံးကို ကြိုဆိုကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
2020-11-25
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို အရေးယူပေးဖို့ အတိုက်အခံပါတီ ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီ ၁၉ ပါတီက ဒီကနေ့ နိုင်ငံတော်သမ္မတဆီ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2020-11-25
နိုဝင်ဘာလ (၂၅) ရက်နေ့ ဒီကနေ့ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ ကမ္ဘာတဝန်း နိုင်ငံတော်တော်များများက အမျိုးသမီးတွေ ဒီကနေ့ အခမ်းအနားကို ပါဝင်ဆင်နွဲနေကြသလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာလည်း ဒီကနေ့ နေ့လည်ပိုင်းက အခမ်းအနား တစ်ရပ်လုပ်ပြီး ပါဝင်ဆင်နွဲခဲ့ကြတာပါ။
2020-11-25
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ တပ်မတော်စစ်ကြောင်းတချို့က ပိုင်ရှင်မရှိတဲ့ လူနေအိမ်တွေကနေ ပစ္စည်းတွေ ယူဆောင်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ တချို့က ပြောကြပါတယ်။ တပ်မတော်ဘက်ကတော့ ဒီလိုဖြစ်ရပ်တွေမရှိကြောင်း တုံ့ပြန်ပါတယ်။
2020-11-25
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တချို့ကို ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ကန့်ကွက်လွှာတွေ တင်သွားမယ်လို့ ဒီနေ့ပြောပါတယ်။
2020-11-25
နှင်းဆီပါတီမှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးကျော်မြင့်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ (၁) နဲ့ စွဲထားရာမှာ အမှုနယ်မြေစီရင်ပိုင်ခွင့် အငြင်းပွားမှုရှိတာကြောင့် တခြားမြို့နယ်မှာ ပြောင်းစွဲဖို့ မန္တလေး ချမ်းအေးသာစံတရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2020-11-25
မန္တလေးတိုင်း မိုးကုတ်မြို့အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် တပ်မတော်သား တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။