သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-30
လွှတ်တော်နာယကကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တက်ရောက်လာ ကြသော ဂုဏ်သရေရှိဧည့်သည်တော်များ နဲ့ နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား့
2016-03-29
အစိုးရအနေနဲ့ အမျိုးသမီးတွေ အကြမ်းဖက် ခံရမှုကို အကာအကွယ်ပေးနိုင်ဖို့ အတွက် နှစ်ရှည်စီမံကိန်းတွေ ရေးဆွဲ ထားပေမယ့် လက်တွေ့အကောင်ထည်ဖော်မှု မရှိကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။
2016-03-29
ရခိုင်အမျိုးသားပါတီ ANP ကိုယ်စား လှယ်တွေအနေနဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးနေရာ လက်ခံသူရှိခဲ့ရင် ပါတီကနေ ထုတ်ပယ်ခံ ရမှာဖြစ်သလို ငွေဒဏ် ကျပ်သိန်း ၅၀၀ ပေးဆောင်ရမယ်လို့ ပါတီတွင်း စည်းကမ်းသတ်မှတ် ထားကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2016-03-29
ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ သတ်မှတ် ထားတဲ့ အကျဉ်းသား အရေအတွက်ထက် ထောင်ထဲမှာရှိတဲ့ အကျဉ်းသားအရေအတွက်က ထက်ဝက်ကျော်လောက် ပိုများနေတာ တွေ့ရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က ပြောပါတယ်။
2016-03-29
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကြောင့် ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ ကို နိုင်ငံတော်သမ္မတရုံးက မနေ့ညက ရုပ်သိမ်းလိုက် ပါတယ်။
2016-03-29
မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကယား၊ ချင်း၊ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက တိုင်း နဲ့ ပြည်နယ် ဝန်ကြီးချုပ် ၆ ဦးကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2016-03-29
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော်ဟာ မနက်ဖြန် အစိုးရတာဝန်လွဲှပြောင်းယူ ပြီးနောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်အသစ်တွေ ၊ ပြည်နယ်/တိုင်းလွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ရှိ ပါတယ်။
2016-03-29
မွန်ပြည်နယ် မော်လမြိုင်ကမ်းနားလမ်းကို တိုးချဲ့ဖောက်လုပ်တဲ့ စုန်ရေကုမ္ပဏီဟာ ပြီး ခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း ကတိပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ဒုတိယအကြိမ် ပြည် နယ်လွှတ်တော်အနေနဲ့ ပြန်လည်စိစစ်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-03-28
ပြည်သူလူထု စိတ်မပျက်ကြရအောင် မြို့နယ်အသီးသီးမှာ တာဝန်ကျေကျေ ပွန်ပွန်ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ဒီနေ့ တိုက်တွန်း မှာကြားလိုက်ပါတယ်။
2016-03-28
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီ ကိုယ်စားလှယ် ဦးညီပုကို အဆိုပြု ထားကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ က ဒီနေ့ ကြေညာနေစဉ်မှာ ANP ပါတီလွှတ်တော် ကိုယ်စား လှယ်အားလုံးဟာ အစည်းအဝေးမပြီးခင် ခန်းမထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
2016-03-28
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြု လုပ်ပြီး ဖေ့ဘွတ်စ်မှာ ဖေါ်ပြခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ကန်ကြီးထောင့်မြို့နယ် တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို တရားရုံးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထောင်ဒဏ် ၆ လ စီရင်ချမှတ်လိုက်ပါတယ်။
2016-03-28
နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ၁၄ ဦးကို အဆိုပြုရာမှာ ဒီကနေ့ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင် ၊ ရှမ်း စတဲ့ လွှတ်တော်တွေမှာ ဝန်ကြီးချုပ် ၆ ဦးကို အတည်ပြု လိုက်ပါတယ်။
2016-03-28
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်အဖြစ် လျာထားခံရသူ ၂ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်ကြောင်း ဒီကနေ့ အဆိုတင်သွင်းရာမှာ အဲ့ဒီလို ကန့်ကွက်တာကို လွှတ်တော်မှာ ဆွေးနွေးဖို့ မသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။
2016-03-28
လာမယ့် မတ်လ ၃ဝ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေက ကတိသစ္စာပြုကြပြီး သမ္မတ ဦးထင်ကျော် က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
2016-03-27
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်း ကို နိုင်ငံတော်သမ္မတဦးထင်ကျော် က ပြည်နယ်လွှတ်တော်ဆီ မပေးပို့ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့အကြား တွေ့ဆုံပွဲကို ပြုလုပ်လိုတယ်လို့ ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။