သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-29
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ ဆုံဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် လာမယ့့်် မေလတတိယ အပတ်မှာ အစိုးရနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားဖို့ ဒီကနေ့ ဆုံးဖြတ်ခဲ့တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောပါတယ်။
2014-04-29
လာမယ့် မေလ ၁၈ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။
2014-04-29
ပြည်သူ့လွှတ်တော်ကအတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။
2014-04-28
ရခိုင်ပြည်နယ်အတွင်း သန်းခေါင် စာရင်းကောက်ခံခဲ့ရာမှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင် စာရင်း ပြန်လည်ကောက်ခံနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေ က မွတ်စလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2014-04-28
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ INGO တွေရဲ့ အခန်းကဏ္ဍကို ငြင်းပယ်လို့ မရကြောင်းနဲ့ အတူတကွ လက်တွဲဆောင်ရွက်ရေးမူကိုသာ လက်ကိုင်ထား ဖို့ လိုအပ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ဒုတိယနေ့ဖြစ်တဲ့ မနေ့က သဘောထားပေးခဲ့ကြပါတယ်။
2014-04-28
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Global Partnerships ခေါ် နိုင်ငံတကာ အရပ်ဘက်ပြည်သူ့ ဆက်ဆံရေးဌာန အထူးကိုယ်စားလှယ် Mr. Andrew O’Brien ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ လာရောက်လည်ပတ်မှာဖြစ်ကြောင်း အမေရိကန် နိုင် ငံခြားရေးဌာနက မနေ့က ထုတ်ပြန်ကြေညာပါတယ်။
2014-04-28
နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မအဆောက် အဦးကို ဗြိတိန်နိုင်ငံက ပညာရှင်တွေရဲ့ နည်းပညာအကူအညီနဲ့ ပြုပြင်မွမ်းမံသွားမယ်လို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်ရေးနဲ့ အဆင့်မြှင့် တင်ရေးကော်မတီက ပြောပါတယ်။
2014-04-28
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ပေးဖို့ ဆန္ဒပြခဲ့ရာမှာ ခွင့်ပြုတဲ့ လမ်းကြောင်းအတိုင်း မလိုက်နာဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှုပုဒ်မ ၁၉ နဲ့ စဉ့်ကိုင်မြို့နယ် ရဲစခန်းမှူးက ဒီနေ့ တရားစွဲလိုက်ပါတယ်။
2014-04-28
ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿ နာတွေကို လာမယ့် မေလထဲမှာ အပြီး သတ်ဖြေရှင်းပေးကြဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဧရာဝတီတိုင်း အစိုးရ အဖွဲ့ကို ညွန်ကြားခဲ့တယ်လို့ လယ်သမား အရေးဆောင်ရွက် သူတွေက ဒီနေ့ ပြော ပါတယ်။
2014-04-28
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့ မှာ ဒေသခံတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးနဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းပေးရေး အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-04-28
တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၃၀ ကျော် က လူငယ် ၃၀၀ ကျော် တက်ရောက်ခဲ့တဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ တွေ့ဆုံပွဲနဲ့ ညီလာခံကို တနင်္သာရီ တိုင်းဒသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံးထားကျေး ရွာမှာ ဧပြီလ ၂၆ ရက်နေ့ ကစတင်ပြီး ဒီနေ့ အထိ ၃ ရက် တိုင် ကျင်းပခဲ့ပါတယ်။
2014-04-28
လာမယ့် မေလဆန်းမှာကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်ဆွေးနွေးပွဲအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြေလည်မှု မရရှိသေးတဲ့ အဓိကအချက် ၃ ချက်ကို ပြင်ဆင်ရေးဆွဲနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ အစည်းအဝေး ကျင်းပကြပါတယ်။
2014-04-28
လွန်ခဲ့တဲ့နှစ်ပေါင်း ၆ဝ က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ ၅ ချက် ခေါ် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့် တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။
2014-04-27
မြန်မာနိုင်ငံမှာ ဘာသာ လူမျိုးဆိုင်ရာ ခွဲခြားဖိနှိပ်မှုတွေရှိနေသမျှ အောင်မြင်ရေးလမ်းကြောင်းပေါ် တက်လှမ်းနိုင်မှာမဟုတ်ဘဲ၊ လမ်းလွဲသွားနိုင်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက် ပါတယ်။
2014-04-27
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ရှိ CSIS နိုင်ငံတကာလေ့ လာရေးနဲ့ မဟာဗျူဟာဌာန မှာ မြန်မာပြည် ဆိုင်ရာ လျှိ့ဝှက်ဆွေးနွေးပွဲတစ်ခုကို အမေရိကန်စံချိန် တနင်္လာနေ့မနက် မြန်မာစံတော်ချိန် တနင်္လာနေ့ ညပိုင်းမှာ ကျင်းပမယ်လို့ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်တစ်ခုက RFA ကို ပြောပါတယ်။