သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-30
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်လေ့လာခွင့် မရှိတဲ့အချက်ကို စိုးရိမ်ပူပန်မိကြောင်း ကလေးသူငယ်များနဲ့ စစ်ရေးပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က မနေ့က ပြောကြားလိုက်ပါတယ်။
2018-05-30
တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးဦးစီးကော်မတီနဲ့ သတင်းမီဒီယာကောင်စီတို့ ဒီနေ့ နေပြည်တော်မှာ တွေ့ ဆုံကြရာမှာ သတင်းအချက်အလက်တွေ မေးမြန်းနိုင်ဖို့ တပ်မတော်က ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်တွေ၊ အီးမေးတွေကို အသက်ဝင်အောင်ဆောင်ရွက်ပေးဖို့ သတင်းမီဒီယာကောင်စီဘက်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
2018-05-30
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြသူတွေ ဖမ်းဆီးတရားစွဲဆိုခံရပြီး အရပ်ဝတ်တွေက ဖမ်းဆီးချုပ်နှောင်တာတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ ပြည်ထဲရေးဝန်ကြီးနဲ့ လူ့အခွင့်အရေး ကော်မရှင်အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း ၁၄ ခုကို ဒီကနေ့ တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။
2018-05-30
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပေးဖို့နဲ့ လုံလောက်တဲ့ ကာကွယ်မှုတွေပေးဖို့ အဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2018-05-30
ကချင်ပြည်နယ်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ဆောင်ရွက်မှုတွေ တရားဝင် ဟုတ် မဟုတ် နောင်မွန်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် က ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2018-05-30
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲမှာ ညှိနှိုင်းလို့မရတဲ့ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ သဘောထားတွေ ဆွေးနွေးစုစည်းခဲ့တယ်လို့ ခေါင်းဆောင်တွေက ပြောပါတယ်။
2018-05-30
နေပြည်တော်လွှတ်တော်အဆောက်အအုံ ကျွန်းတံခါးတွေနဲ့ ကျွန်းဘောင်တွေ ဆေးသုတ်တဲ့ ကုန်ကျစရိတ် ငွေကျပ်သန်း ၄၇၀ တင်ပြထားတာ များပြားလွန်းတယ်ဆိုပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
2018-05-30
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့မနက်ကကျင်းပတဲ့ ရခိုင်အမျိုးသားနေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခွင့် မပြုကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်ပါတယ်။
2018-05-30
တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပခွင့်မပြုကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ဆရာ/ဆရာမ အသင်းများ ကိုယ်စားပြုကော်မတီက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-05-30
ကုန်းတွင်းမုန်တိုင်းငယ်ဟာ အားပျော့ပြီး လေဖိအားနည်းရပ်ဝန်းအဆင့်ပဲ ရှိတော့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-05-30
ပါတီရဲ့ ညွှန်ကြားချက်နဲ့ လိုအပ်ချက်အရ ဝန်ကြီးတာဝန်ကနေ နုတ်ထွက်တာဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန် က ဒီနေ့ ပြောပါတယ်။
2018-05-30
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲဖို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ အစီရင်ခံစာကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ထံ ဒီနေ့ပေးပို့လိုက်ပါတယ်။
2018-05-29
၂ဝ၁၁ အရပ်ဖက်အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝ၁၇ မှာ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပမာဏာအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ နီးပါးရှိခဲ့တယ်လို့ Japan Times သတင်းစာက ဒီကနေ့ ရေးသားပါတယ်။
2018-05-29
ရခိုင်ပြည်နယ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးဖို့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
2018-05-29
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြသူတွေအရေးကိစ္စနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။