သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-28
ထင်ရှားတဲ့သံဃာတော် ၃ ပါးနဲ့စာရေး ဆရာ ၄ ဦးတို့က မေတ္တာတရားနှင့် နိုင်ငံတော်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှန်ဂရီလာဟော်တယ်မှာ မနေ့ကပြုလုပ်ခဲ့ကြ ပါတယ်။
2014-06-28
သဲကုန်းမြို့နယ်မှာ ဒေသခံစစ်တပ် နဲ့ပုဂ္ဂလိလုပ်ငန်းရှင်တစ်ဦးသိမ်းထားတဲ့ လယ်ဧက ၂ ထောင်ကျော် ပြန်ပေးဖို့တောင်းဆိုတဲ့ လယ် သမားခေါင်းဆောင်တချို့ကို တရားစွဲထားသလို တချို့ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။
2014-06-28
တောင်ကိုးရီးယား နိုင်ငံရေးအကျဉ်း သားဟောင်းတွေ ထူထောင်ထားတဲ့ Truth Foundation အမှန်တရား ထွန်းကားရေးအဖွဲ့က ကွယ်လွန် သူ NLD နာယက ဟံသာဝတီ ဦးဝင်းတင်ကို ၂ဝ၁၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။
2014-06-28
ကွယ်လွန်ခါနီး လူနာများအတွက် ဗုဒ္ဓဘာသာထုံးစံ သရနဂုံတင်ခြင်းလုပ်ငန်းတွေကို ဆောင် ရွက်ပေးဖို့ နာရေးကူညီမှုအသင်းအနေနဲ့ စနစ်တကျဆောင် ရွက်ဖို့ စီစဉ်နေတယ်လို့ နာရေးကူညီမူအသင်း ရန်ကုန်က RFA ကိုပြောပါတယ်။
2014-06-28
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိုင်းမောကျေးရွာနဲ့ ကန်ဆွယ်ကျေးရွာ က တောင်သူ ၁၀၀ ကျော်တို့ဟာ တပ်မတော်က သိမ်းဆည်းထားတဲ့လယ်မြေတွေ ပြန်လည်ပေးအပ်ပွဲမှာ သိမ်းခဲ့တဲ့မြေနဲ့ ပြန်ပေးတဲ့မြေ အကျယ်အဝန်းပမာဏ ကွာနေတဲ့အတွက် ယာယီလယ်လုပ်ခွင့်လျှောက်လွှာပုံစံ ၃ ကို မထုတ်ယူခဲ့ကြဘူးလို့ သိရပါတယ်။
2014-06-28
၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ ပြဌာန်း ချက်ထဲက လယ်ယာမြေလုပ်ပိုင်ခွင့်အပေါ် ကန့်သတ်ထားတဲ့ အချက်၁၅ ချက်ကို ပယ်ဖျက်ပြင်ဆင်ပေးဖို့ သမ္မတနဲ့ လွှတ်တော်ဆီ်ကို မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် AFFM က တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-06-28
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရခိုင် အမျိုးသားပါတီဝင်တွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ပြု လုပ်ခဲ့ပါတယ်။
2014-06-28
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါ တယ်။
2014-06-28
သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေပြီး ဒီကနေ့မှာ တရုတ်မြန်မာအိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၆၀ ပြည့် အထိမ်း အမှတ်ပွဲတွေကို တက်ရောက်မယ်လို့ သိရပါတယ်။
2014-06-27
လာမယ့် ဒီဇင်ဘာလမှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို လျှပ်စစ် မီးရရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတဦးသိန်းစိန်က အဆိုပြု ထားခံ ရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။
2014-06-27
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီးအတွင်း လစ်လပ်နေ တဲ့ မဲဆန္ဒနယ် ၂ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နဲ့ အထူးသတင်းတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း နိုင်ငံရေးပါတီတွေက ဒီကနေ့ ပြောကြား ပါတယ်။
2014-06-27
မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတိုင်းမှာ သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ပြောပါတယ်။
2014-06-27
ရန်ကုန်တိုင်း တာမွေမြို့နယ် မဟာသန္တိသုခကျောင်း တိုက်က သံဃာ ၅ ပါးအပေါ် စွဲချက်တင်ထားတဲ့အမှု အပေါ် တရားရုံးကစီရင်ချက်ဟာ မြန်မာ့နိုင်ငံရေး အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောလိုက်ပါတယ်။
2014-06-27
မြန်မာနိုင်ငံကဖြစ်နေတဲ့ စစ်ပွဲတွေအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူတွေကို အရေးယူတယ်ဆိုတာထက် ကျူးလွန်ခံရတဲ့သူတွေနဲ့ ကျူးလွန်ခံရတဲ့သူတွေဘက်က ရပ်တည်ပေးသူတွေသာ အရေးယူခံရ၊ တရားရင်ဆိုင်နေရကြောင်း ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က မမေစံပယ်ဖြူက ဒီနေ့ပြောကြား လိုက်ပါတယ်။
2014-06-27
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ ပုဂံမြို့ရဲ့သမိုင်းဝင် ရှေးဟောင်းပစ္စည်းစာရင်းတွေကို ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ UNESCO ယူနက်စကိုက စာရင်းပြုစု သွားမယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။