သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-15
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးကာလအတွင်း AA က ဖမ်းဆီးထားတဲ့ မြန်မာစစ်သားနဲ့ရဲတွေထဲက ဆေးမှူး ဗိုလ်ကြီးရဲလင်းစိုး အပါအဝင် ၁၅ယောက်ကို ဒီနေ့ည ၇နာရီခွဲလောက်က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ပြန်လွှတ် ပေးခဲ့တယ်လို့ AA က ကြေညာပါတယ်။
2021-11-15
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးကာလအတွင်း အေအေက ဖမ်းဆီးထားတဲ့ စစ်ကောင်စီ တပ်သားအချို့ကို ရက္ခိုင့်တပ်တော် (AA) က အသုတ်လိုက် ပြန်လွှတ်ပေးဖို့ရှိတယ်လို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက စစ်တွေ မြို့ကို ဒီနေ့ ရောက်ရှိလာစဉ် သတင်းထောက်တွေကို ပြောပါတယ်။
2021-11-15
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက မီးကျောင်းခေါင်းဆွဲကျေးရွာအုပ်စုမှာရှိတဲ့ မဒါရာဆာရီယာ ဇုလ်အိုလိုမ် အာရ်ဗီတက္ကသိုလ်ကျောင်းဟာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-15
မြန်မာပြည်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို စစ်ကောင်စီက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရရှိ ပါတယ်။
2021-11-15
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အာလွယ် (Aklui) ကျေးရွာမှာ ကလေး မီးဖွားပြီးစ အဓမ္မပြုကျင့်ခံရတဲ့ အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသမီးအမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဒေသခံတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆို လိုက်ပါတယ်။
2021-11-15
ကချင်ပြည်နယ်က ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကူးစက်မှုတွေ များလာနေပြီး နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပိုးကူး စက်သူ ၂၆၀၀ အထိရှိနေတယ်လို့ ကေအိုင်အို ကိုဗစ်ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီက ထုတ်ပြန်ပါတယ်။
2021-11-15
မကွေးတိုင်း ပခုက္ကူမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်တွေရဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်သွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။
2021-11-15
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းကို နိုဝင်ဘာ ၁၅ ရက် ဒီနေ့မှာ PDF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
2021-11-15
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့လယ်ပိုင်းက ပရဟိတသမား တစ်ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-15
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ပို့ကုန် သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ အမှုနှစ်ခုအတွက် သူကိုယ်တိုင်ထွက်ဆိုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ စုံစမ်းသိရပါတယ်။
2021-11-15
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ်ဂျန်အောင်လျဲန် စစ်ကောင်စီတပ်စခန်း တစ်ခုကို နိုဝင်ဘာ ၁၄ ရက်၊ မနေ့က မနက်ပိုင်းက ကချင်လွတ်မြောက်ရေး တပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2021-11-15
ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ဟာ နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ မနက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒုတိယအကြိမ်မြောက်အဖြစ် ရောက်ရှိနေပါတယ်။
2021-11-14
မြန်မာနဲ့ကပ်ရပ် အိန္ဒိယနိုင်ငံနယ်စပ်က မဏိပူရ်ပြည်နယ်မှာ နယ်စပ်ခြံစည်းရိုး အမြန်ကာမယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က မနေ့တုန်းက ပြောလိုက်တဲ့အကြောင်း The Times of India သတင်းမှာ ဖော်ပြထားပါတယ်။ အာသံရိုင်ဖယ်တပ်က ယာဉ်တန်းတစ်ခု ခြုံခိုတိုက်ခိုက်ခံရပြီး နောက်တစ်ရက်အကြာမှာပဲ နယ်စပ်ခြံစည်းရိုး ကာမယ့်ကိစ္စကို ပြောလာတာပါ။
2021-11-14
ဂျပန်နိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်တစ်ဦးဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ Yohei Sasakawa ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ စနေနေ့က တွေ့ဆုံခဲ့တဲ့အကြောင်း မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
2021-11-14
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက အာလွယ် (Aklui) ကျေးရွာမှာ အသက် ၂၇ နှစ် အရွယ် ကလေးမီးဖွားပြီးခါစ မိခင်တစ်ဦးကို စစ်ကောင်စီတပ်သား သုံးယောက်က နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံက RFA ကို ပြောပါတယ်။