သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-10
ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာ ရခဲ့ပါတယ်။
2023-09-09
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်က ကန်ကြီးနယ်မြေရဲစခန်းကို စက်တင်ဘာလ ၉ ရက်နေ့က ဘာမြူဒါစုပေါင်းအဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2023-09-09
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာမှာ မြန်မာစစ်သား ရှစ်ဆယ်လောက် ရောက်နေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2023-09-09
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာလ ၉ ရက်နေ့ မနက်က ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေပါတဲ့ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ခြောက်ထောင်ကျော် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
2023-09-09
ဝက်လက်မြို့နယ်မှာ ငါးရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာလေးရွာကို စီးနင်းမီးရှို့ခဲ့ပါတယ်။
2023-09-09
ဖာပွန်မြို့နယ်၊ ခေးပူရွာအနီး ၁၆ နှစ်ကြာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။
2023-09-09
ဖာပွန်မြို့နယ်က ထီးဂေါ်ထာရွာက ယာယီစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2023-09-08
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လစာငွေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေကသာ လွှဲပြောင်းဖို့ ဖိအားပေးနေတာကို ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်နေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2023-09-08
မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်ပြီး ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက ပြောလိုက်ပါတယ်။
2023-09-08
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဌာနပေါင်းစုံ ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေသိမ်းယူသွားတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက စက်တင်ဘာလ ၈ ရက်နေ့ကစပြီး အစာအငတ်ခံဆန္ဒပြနေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောပါတယ်။
2023-09-08
စစ်ကောင်စီကို အိန္ဒိယက နေရာပေးဆက်ဆံနေတာကို ရပ်တန့်ဖို့ တိုက်တွန်းတောင်းဆိုကြောင်း BACS နဲ့ India For Myanmar တို့ ပူးတွဲပြီး စက်တင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-09-08
ကချင်ပြည်နယ် ပန်ဝါဒေသမှာ စစ်ကောင်စီက လာရောက်စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့် မြေရှားသတ္တုတူးဖော်မှုတွေ ပြီးခဲ့တဲ့တစ်ပတ်ခန့်ကစပြီး ရပ်နားထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-08
စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း နေအိမ်အဆောက်အအုံ ခုနစ်သောင်းခွဲခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ UNOCHA က စက်တင်ဘာ ၈ ရက် သတင်းထုတ်ပြန်ပါတယ်။
2023-09-08
နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်လာရောက် ဗုံးငါးလုံးကြဲချခဲ့ရာမှာ ဒုက္ခသည်စခန်းနဲ့ ပေ ၅၀ အကွာ ပြောင်းစိုက်ခင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။
2023-09-08
ဂျီနီဗာအခြေစိုက် The Luther World Federation အဖွဲ့ရဲ့ စစ်တွေရုံးခွဲက မြန်မာဝန်ထမ်း ၈၀ စက်တင်ဘာ ၄ ရက်နေ့က တစ်ပြိုင်တည်း အလုပ်ထုတ်ခံလိုက်ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။