သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-03
လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA သဘောတူညီမှုစာချုပ်ပါ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကနေ တိမ်းစောင်းသွားတာကြောင့် ပြန်လည်တည့်မတ်နိုင်ဖို့အတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းထားတာဖြစ်ကြောင်း KNU ဗဟိုက ပြောလိုက်ပါတယ်။
2019-01-03
မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ညနေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-01-03
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဝါကျေးရွာနဲ့ နားငူးနားဟန်းကျေးရွာကြားမှာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေက တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ရွာသား ၄၀၀ လောက်ဟာ နေရပ်တွေကို စွန့်ခွာထွက်ပြေး လာကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2019-01-03
ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံးက မနေ့က ခန့်အပ်လိုက်ပါတယ်။
2019-01-03
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးမှုတွေနဲ့ ပတ်သက်တဲ့ သက်သေခံချက်တွေ၊ မှတ်တမ်း ဓာတ်ပုံ၊ အထောက်အထားတွေ၊ အသံဖိုင်တွေ၊ ရုပ်မြင်သံကြားဖိုင်တွေကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တင်သွင်းပေးကြဖို့ ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-01-02
မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကဏ္ဍဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ (၇) လအတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ဂျပန်အခြေစိုက် Nikkei စီးပွားရေးမီဒီယာအဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း PMI ညွှန်းကိန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2019-01-02
ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ မွတ်စလင် ဒုက္ခသည် ဒုတိယအသုတ်ကို ပြန်ပို့ဖို့ ဒေသအာဏာပိုင်တွေ စီစဉ်နေကြပါတယ်။
2019-01-02
တရုတ်နိုင်ငံဘက်ကို တင်ပို့မယ့် သစ်သီးကားတွေ မူဆယ်မှာ ပိတ်ဆို့နေတာကြောင့် ကုန်သည်တွေ ဆုံးရှုံးမှုတွေများနေတဲ့အတွက် ကျင်စန်းကျော့ဂိတ်ပေါက်ကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ သစ်သီးဝလံကုန်စည်ဒိုင်ကနေ နိုင်ငံတော် အတိုင်ပင်ခံထံ စာပေးပို့တောင်းဆိုထားပါတယ်။
2019-01-02
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေဖြစ်တဲ့ ဆရာတော် ဦးဝီရသူဟာ တရားရုံးမှာ စစ်ဆေးမှုမခံယူဘဲ မဟာအောင်မြေမြို့နယ် သံဃ မဟာနာယက ရုံးခန်းမှာသာ စစ်ဆေးပေးဖို့ မဟာအောင်မြေမြို့နယ် တရားရုံးထံ လျှောက်ထား ချက်အပေါ် ကိုဆွေဝင်း ဖက်က ကန့်ကွက်လိုက်ပါတယ်။
2019-01-02
၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက ၇ သောင်းခွဲခန့်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
2019-01-02
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ မနေ့က တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
2019-01-02
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနင်းလာတဲ့ ယာဉ်တန်း မနေ့က ညနေ ၄ နာရီခွဲလောက်က ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လုပ်ဆောင်တာဖြစ်နိုင်ကြောင်း မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးက RFA ကို ပြောပါတယ်။
2019-01-02
ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အနီးက နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးယူထားတဲ့ ၉၀၁ ဝင်းထဲမှာ မနေ့ညက ပစ်ခတ်မှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး မောင်မောင်လတ်က RFA ကို ပြောပါတယ်။
2019-01-02
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ယောက်ဟာ တက္ကသိုလ်ဝင်း အတွင်း လုံခြုံရေးတိုးမြှင့်ပေးဖို့အတွက် ဒီနေ့မနက်က ကျောင်းရှေ့မှာ ဆန္ဒပြနေစဉ် အမရပူရ ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။