သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-18
Stay Home မြို့နယ် အဖြစ်သတ်မှတ်ထားတဲ့ ပုသိမ်မြို့ မှာရှိတဲ့ ရွှေပြည်သာစျေးမှာ ဆိုင်ခန်းတွေ ပိတ်ထားရလို့ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။
2020-11-18
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ နိုဝင်ဘာ ၁၇ ရက်နေ့က အရပ်သားကားတစ်စီး မိုင်းနင်းပြီးပေါက်ကွဲမှုမှာ ဒဏ်ရာပြင်းထန်တဲ့ ကလေး နှစ်ဦးအပါအဝင် လေးဦးကို စစ်တွေဆေးရုံကို ဒီနေ့ အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
2020-11-18
ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုတွေဖြစ်ပြီး မဲမသမာမှုတွေ ရှိခဲ့တာကြောင့်၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို သီးခြားလွတ်လပ်တဲ့ အဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့၊ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။
2020-11-18
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခုနစ်သောင်းတစ်ထောင်ကျော် ရှိလာပြီဖြစ်သလို နေ့စဉ် ကူးစက်ခံရသူ အသစ် တစ်ထောင်ကျော်ကိုလည်း တွေ့ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း မန္တလေးနဲ့ ဧရာဝတီတိုင်းမှာ ပိုးကူးခံရသူတွေ သိသိသာသာတိုးလာပါတယ်။ လာမယ့် ရက်တွေအတွင်း ပိုးကူးခံရသူတွေ ဆက်တိုးလာမယ်လို့ အစိုးရက ခန့်မှန်းထားပြီး ပြည်သူတွေအနေနဲ့ သတိရှိဖို့ကိုလည်း တိုက်တွန်းနေပါတယ်။
2020-11-18
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ကို အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။
2020-11-18
တပ်မတော်ကို ဝေဖန်ရေးသံချပ်ထိုးလို့ ထောင်ချခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့အတွက် ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေက အားပေးတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်နေပါတယ်။
2020-11-17
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၆၂၅ ယောက် ရှိသွားပါပြီ။ ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူ တော်တော်လေးလျှော့ကျသွားပေမယ့် ဒီနေ့ ပြန်တိုးလာတာဖြစ်ပါတယ်။
2020-11-17
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တာဝန်ရှိသူတွေနဲ့ ဒီကနေ့တွေ့ဆုံခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2020-11-17
မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်က ကျေးရွာတချို့ဟာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့ဒဏ်ကြောင့် ကမ်းပါးပြိုတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
2020-11-17
အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးကို တရားစွဲဆိုထားတာကို ချက်ချင်းရုပ်သိမ်းပေးဖို့ လန်ဒန်အခြေစိုက် မြန်မာ့လူ့အခွင့်ရေးကွန်ရက် (BHRN) က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2020-11-17
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာ အလှူပွဲကနေပြန်လာတဲ့ ကားတစ်စီး ဒီနေ့မွန်းလွဲ တစ်နာရီလောက်မှာ လိပ်ရနဲ့ ကျွန်းပေါက်ရွာကြားလမ်းမပေါ်မှာ မိုင်းကွဲလို့ ကလေးတစ်ဦး အပါအဝင် လူ သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားပါတယ်။
2020-11-17
ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်တာကြောင့် ကိုယ်စားလှယ်လောင်း ကန့်ကွက် ချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို တိုင်ကြားသွားမယ်လို့ မန္တလေးမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောလိုက်ပါတယ်။
2020-11-17
ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် အလုပ်နဲ့ ထောင်ဒဏ် တစ်လစီချမှတ်ခံခဲ့ရတဲ့ ခေါင်းဆောင်နှစ်ဦး အာမခံနဲ့ ဒီနေ့ပြန်လည် လွတ်မြောက်လာပါတယ်။
2020-11-17
စီးပွားရေးလုပ်ဖို့ ချေးငွေလိုအပ်နေတဲ့ ပြည်သူတွေကို အသေးစားချေးငွေတွေ ပေးနိုင်ဖို့ စီစဉ်နေပြီး လာမယ့် နှစ်ပတ်၊ သုံးပတ်အတွင်း ချေးငွေချထားပေးမယ့် အစီစဉ်တွေကို ပြည်သူတွေထံ ချပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၆ ရက်နေ့ည မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။
2020-11-16
ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အလုပ်သမားအဖြစ် အလုပ်လုပ်ခွင့် ပြုလိုက်ပါတယ်။