သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-27
ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာမှာ ဧပြီ ၂၇ ရက်နေ့က စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် သုံးဦးအပါအဝင် ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
2023-04-27
သာကေတမြို့နယ်မှာ ဧပြီလ ၂၆ နေ့က အမျိုးသားတစ်ဦး အပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ် လဲကျသေဆုံးသွားခဲ့တယ်လို့ မြို့ခံ ပရဟိတအသင်းတွေက RFA ကို ပြောပါတယ်။
2023-04-27
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့၊ စက်မှုရပ်ကွက်မှာ ဒီနေ့ မနက် ၈ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားရာ နေရာအနီးမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-04-27
ရွှေဘိုမြို့နယ် အနောက်ဘက်မှာရှိတဲ့ ကျေးရွာတွေဆီကို စစ်ကြောင်းတွေ ဝင်ရောက်လာလို့ ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-04-27
ဆားလင်းကြီးမြို့နယ်မှာ ဧပြီ ၂၇ ရက် မနက်ပိုင်းဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာကိုးရွာခန့်က ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
2023-04-27
ပန်ဝါမြို့အနီး ဇွတ်လန်ကျေးရွာရှိ မြေရှားသတ္တု တူးဖော်တဲ့နေရာရှိ ကန်တစ်ခု အလုပ်သမား လူငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။
2023-04-27
ဖားကန့်မြို့နယ်၊ မှော်ဘုံ (မဒဲန်ယန်) ရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀၀ နီးပါးထဲက ၅၀ ခန့်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-04-26
စစ်ကောင်စီဘက်က လက်နက်ခဲယမ်းပစ္စည်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြေညာထားပါတယ်။
2023-04-26
စစ်ကောင်စီတပ်သားတွေက ကညနရုံးမှာ တပ်စွဲထားပြီး ပြည်သူတွေဆီကနေ ငွေကြေး ကောက်ခံနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်ထွဋ်ခေါင် က ပြောပါတယ်။
2023-04-26
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မံဟဲရွာကနေ အဖမ်းခံလိုက်ရတဲ့ ရွာသား ငါးဦးရဲ့ ရုပ်အလောင်းတွေကို တစ်လအကြာ ပြန်တွေ့ရပါတယ်။
2023-04-26
ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ရပ်တန့်ရေး အကူအညီပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့ ၁၃ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
2023-04-26
မြန်မာ့အိမ်နီးချင်း တရုတ်နဲ့အိန္ဒိယ အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ ဉာဏ်ကြီးရှင်အဖွဲ့က ကိုယ်စားလှယ်တွေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လျှို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။
2023-04-26
သာယာဝတီမြို့နယ် (NLD) ပါတီရုံးကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖျက်ဆီးသွားပါတယ်။
2023-04-26
ထီးချိုင့်မြို့နယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ ရွာတွေကို စစ်ကောင်စီတပ်သားတွေ မြေပြင်ကနေပါ စစ်ကြောင်းထပ်ထိုးပြီး ဆက်တိုက်မီးရှို့နေပါတယ်။
2023-04-26
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးက နေအိမ်ပေါင်း ၇၅၁ လုံး ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။