သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေဖြစ်တဲ့ ဒေါက်တာ စိုးမိုးသူ၊ ဦးဉာဏ်လင်းနဲ့ ဦးစိန်ဝင်းတို့ကို ပါတီကပေးအပ်ထားတဲ့ တာဝန်အသီးသီးကနေ ရုပ်သိမ်းလိုက်ကြောင်း ဒီနေ့ ကြေ ညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-11-26
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၈ ဦး အမည်စာရင်းကို ဒီနေ့ ထုတ်ပြန်လိုက် ပါတယ်။
2016-11-26
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လိုအပ် ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက ပြော ပါတယ်။
2016-11-25
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေကို စစ်တပ်ကနှိမ်နင်းရာမှာ လူမျိုးဘာသာခွဲခြားပြီး မုဒိမ်းကျင့် သတ်ဖြတ်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်ပေါက်နေ တာနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ မလေးရှားနိုင်ငံကွာလာလမ် ပူမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွေမှာ မွတ်စလင်ထောင်ပေါင်းများစွာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-11-25
နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်း အနားကို ရခိုင်အမျိုးသမီးများအစည်းအရုံး RWU က စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-11-25
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ကနေ မူဆယ်ကိုသွားတဲ့ ကုန် ကားအရေအတွက်နည်းပါးနေပြီး ကုန်စည်တင်ဆောင် ခတွေဟာလည်း တစ်တန်ကို ထက်ဝက်ကျော်မြင့်တက် လာတယ်လို့ မန္တလေး အခြေစိုက် ကုန်သည်တွေက ပြော ပါတယ်။
2016-11-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကို ပါတီကနေ ထုတ်ပယ်ပြီး ရှမ်းပြည်နယ် ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးကိုလည်း ရာထူးကနေ ဖယ်ရှားဖို့ အတွက် ဒီကနေ့ပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်လို့ ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
2016-11-25
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့နယ် က ဒေသခံ ၂၀၀ ကျော်ဟာ ထားဝယ်မြို့နယ်မှာ ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲပြုလုပ်ပြီး သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးအတွက် တောင်းဆိုကြပါတယ်။
2016-11-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့မှာ ရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ John McKissick က မြန်မာ အာဏာပိုင်တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံးဝ ပပျောက်သွားအောင် လုပ်ဆောင်နေတယ်လို့ ပြော ဆိုကြောင်း မနေ့ကရတဲ့ အေအက်ဖ်ပီ သတင်းမှာဖေါ်ပြထား ပါတယ်။
2016-11-24
ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကန့်သတ်စစ် ဆိုတာကို လက်မခံနိုင်ကြောင်းနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားကြောင်း ဦးတင်ဦးက ပြောပါတယ်။
2016-11-24
နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ဖြန် မှာ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ တရုတ်-မြန်မာ နှစ်နိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံ ပြီး နယ်စပ်အရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်တယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။
2016-11-24
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဝပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် UWSA က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-11-24
ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲထပ် မံဖြစ်ပွားခဲ့ပါတယ်။
2016-11-24
လက်ရှိအစိုးရလက်ထက်မှာ ဥပဒေ စည်း မျဉ်းစည်းကမ်းတွေနဲ့ မညီဘဲ မှတ်ပုံတင် ထုတ်ပေးတဲ့ ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းစည်း ကမ်း ဖောက်ဖျက်တဲ့ လဝက ဝန်ထမ်း ၄၀ ကျော်ကို အရေး ယူဆောင်ရွက်ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
2016-11-23
မသန်စွမ်းသူတွေအပါအဝင် လူတစ်ဦး ချင်းစီရဲ့ ဘဝတိုင်းဟာ တန်ဖိုးရှိကြတာ ချည်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။