သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-21
၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကို အကြံပြု တင်ပြကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-01-21
မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကြား ပြန်လည်ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေ အတွင်း ပိတ်မိနေကြတဲ့ အရပ်သားတွေထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တယ်ဆိုတဲ့ သတင်းဟာ မဟုတ် မှန်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ က အင်္ဂါနေ့က ပြောပါတယ်။
2015-01-21
တိုင်းပြည်ရဲ့ ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်ပွင့်လင်းလင်းသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံပါဝင်နေဆဲဖြစ်ပါတယ်။
2015-01-20
အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက် လို့ တောင်းဆိုထားတဲ့ အချက်အလက် တွေ အတိုင်း၊ လက်တွေ့ဖြစ်မလာမချင်း သပိတ် လှန်မှာမဟုတ်ဘူး လို့ ကျောင်းသား တွေကပြောပါတယ်။
2015-01-20
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်းသား ၁၀၀ ကျော်က မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက်ဆန္ဒပြကြပါတယ်။
2015-01-20
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၂၅ ယောက်ကို တရုတ်ကောင်စစ်ဝန်ရုံး ရဲ့ ဒုတိယအတွင်းဝန် Mr. Bian Zhouzhou ဦးဆောင်တဲ့ ကိုယ်စားလှယ်သုံးယောက်က မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
2015-01-20
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန့် မြို့နယ် ကံဆီးကျေးရွာကို ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က သွားရောက်ဖို့ ပြင်ဆင် ထားပေမဲ့ အစိုးရစစ်တပ် တပ်မ ၆၆ က ခွင့်မပြုဘူးလို့ သိရပါတယ်။
2015-01-20
မြေဧက ၃သောင်းကျော်မှာ အကောင် အထည်ဖော်မယ့် မကွေးမြို့သစ်စီမံကိန်း ကို ကျေးရွာ ၃၀ ကျော်က ဒေသခံတောင် သူတွေက ကန့်ကွက်ကြောင်း လက်မှတ်တွေရေးထိုးပြီး အမျိုးသားလွှတ်တော်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
2015-01-20
နှစ်ရှည်ထောင်ဒဏ် စီရင်ခံထားရတဲ့ ရခိုင်ပြည်နယ်က ဒေါက်တာ ထွန်းအောင် ကို သမ္မတ ဦးသိန်းစိန်က အထူးလွတ်ငြိမ်း ခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အခန်းကဏ္ဍသစ် ဖွင့်လိုက်တာပါပဲလို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိ ကန် အောက်လွှတ်တော်အမတ် Aaron Schock က ပြောကြားလိုက်ပါတယ်။
2015-01-19
ပညာသင်ကြားနည်းစနစ် ဖွံ့ဖြိုးလာဖို့အတွက်ရည်ရွယ် ပြီး မြန်မာနိုင်ငံက ဆရာ၊ ဆရာမ ၃ဝ နီးပါးကို စဉ်းစား တွေးခေါ်တဲ့ စာသင်ခန်းအဖွဲ့ Thinking Classroom Foundation က ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးဌာနမှာ ဒီနေ့ ကစပြီး သင်ကြားနည်းစနစ်သစ်တွေကို ပို့ချသင်ကြားပေးနေ ပါတယ်။
2015-01-19
ကချင်ပြည်နယ်မှာ တရားမဝင် သစ်ခိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို လုံခြုံမှုရှိအောင် စောင့်ရှောက်ထားဖို့၊ တရားဥပဒေနဲ့အညီဆောင်ရွက်ဖို့ တရုတ်အစိုးရက တိုက် တွန်းလိုက်ကြောင်း ဆင်ဝှာ သတင်းက ဖော်ပြပါတယ်။
2015-01-19
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေရဲ့လက်ထဲမှာသာရှိကြောင်း မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။
2015-01-19
"ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်း" နဲ့ "လူဦးရေတိုး ပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း" ၂ ခုကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အမျိုးသားလွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
2015-01-19
တရားဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းမှု ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းရာ ဥက္ကဌအဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ကြေညာလိုက်ပါတယ်။
2015-01-19
၆ ပွင့်ဆိုင် တေ့ွဆုံဆွေးနွေးရေးဟာ "စုပေါင်းညှိနှိုင်းဖြေရှင်းသည့် သဘောတရား" ကို အခြေခံထား တာကြောင့် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။