သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-29
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတွေက တစ်သျှူးငှက်ပျော ကျယ်ကျယ်ပြန့်ပြန့် လာရောက်စိုက်ပျိုးနေတာ၊ ပြည်ပပို့နေတာကို အစိုးရက စနစ်တကျ ကြီးကြပ်ဖို့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးက ဦးဝေလင်းက ဒီနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့ပါတယ်။
2018-11-29
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ၁၀၃ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2018-11-29
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြိုင်ကြီးငူ ဆရာတော်ဘုရားကြီးရဲ့ ဈာပန အခမ်းအနားတက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားရာမှာ "အစွန်းရောက် ဘာသာတရားတစ်ခု" လို့ ထည့်သွင်းသုံးနှုန်းခဲ့တာကို ကန့်ကွက်ကြောင်း ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2018-11-29
တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးမှာ ဒီနေ့မနက်က ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2018-11-29
တရုတ်-မြန်မာစီးပွားရေး စြင်္ကန်လမ်း “The Belt and Road” အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြန်မာအစိုးရက ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
2018-11-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ရဲ့ဖိတ်ကြားချက်အရ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နီပေါနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပြီး၊ ခတ္တမန္ဒူမြို့မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပမယ့် ၂၀၁၈ အာရှ ပစိဖိတ် ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
2018-11-28
အိန္ဒိယနိုင်ငံရောက် မွတ်စလင်ဒုက္ခသည်တွေကို အစိုးရက ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ကောက်ယူနေတဲ့အတွက် ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြတယ်လို့ တယ်လီဂရပ် သတင်းက ဖော်ပြပါတယ်။
2018-11-28
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-11-28
အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ် Ms. Annisa Nurul Wahidah ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ကစပြီး သွားရောက်လေ့လာနေတယ်လို့ သိရပါတယ်။
2018-11-28
မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည်ထဲမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား တစ်ရာကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
2018-11-28
မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို တာဆီးပိတ်ပင်တယ်ဆိုပြီး မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ မြင့်ကုမ္ပဏီဘက်က ရွာသား ၅ ဦးကို တရားစွဲဆိုထားမှုအတွက် မြို့နယ်တရားရုံးက အမြင့်ဆုံး အပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် တစ်လကို ဒီနေ့ ချမှတ်လိုက်ပါတယ်။
2018-11-28
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုကို တာဝန်ခံတဲ့လုပ်ငန်း CSR ရန်ပုံငွေ သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိဖို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ် ဦးလဆိုင်း က ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2018-11-28
တိုင်ကြားမှုတွေ ရှိနေတာကြောင့် သတိပေးဖို့ NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ထားတယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ငြင်းဆိုလိုက်ပါတယ်။
2018-11-28
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် ဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၉၃ ယောက် ဖမ်းမိခဲ့တဲ ကိစ္စနဲ့ပတ်သက်လို့ ပွဲစားလို့ယူဆရသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း က ပြောပါတယ်။
2018-11-28
မကွေးတိုင်းဒေသကြီးမှာ လေအားလျှပ်စစ် မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်ယူသုံးစွဲနိုင်ဖို့ ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်နိုင်ရေးအတွက် သက်တမ်း တစ်နှစ်တိုးစာချုပ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ICM ကုမ္ပဏီတို့ ဒီနေ့ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။