သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-27
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက စက်လှေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၈၀ ကျော် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို မတ်လ ၂၇ ရက်နေ့မှာ ရောက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2023-03-27
အုန်းတောချေဒုက္ခသည်စခန်းအနီး ပင်လယ်ကမ်းစပ်မှာ မလေးရှားသွားမယ့် ရိုဟင်ဂျာ ၃၄ ဦးနဲ့ စက်လှေမောင်းတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။
2023-03-27
ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်မှုနဲ့ လက်နက်ကြီးကြောင့် ၃၃ ဦး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။
2023-03-27
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၄) နဲ့ (၆) က စည်ပင်တိုက်ခန်းတွေမှာ နေထိုင်သူတွေကို စစ်ကောင်စီရဲ့ စည်ပင်ဌာနဘက်က ဖယ်ခိုင်းတာကြောင့် ပြောင်းရွှေ့နေကြရပါတယ်။
2023-03-27
NUG၊ PDF အပြင် ပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ ပြတ်ပြတ်သားသား အရေးယူမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောခဲ့တာပါ။
2023-03-26
သာယာဝတီထောင်မှာ အခုလအတွင်း အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်တာတွေ ထပ်မံလုပ်နေတယ်လို့ အကျဉ်းသားမိသားစုတွေ ကပြောပါတယ်။
2023-03-26
စနေနေ့ကတည်းက မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ခလရ ၂၇၅ တပ် ၊ ကော့ကရိတ် အာရှလမ်း၊ ကျုံဒိုးရဲစခန်းနဲ့ မြို့ပြင်မှာ တိုက်ပွဲဖြစ်နေတာပါ။
2023-03-26
ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာနဲ့ ဇီးတောရွာကြားမှာ မတ်လ ၂၅ ရက်က ခရီးသည်တင်ယာဉ်တစ်စီး မိုင်းနင်းမိခဲ့ပြီး ပေါက်ကွဲတာကြောင့် ယာဉ်ပေါ်ပါတဲ့ သံဃာတစ်ပါးနဲ့ လူငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
2023-03-26
ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
2023-03-25
ကရင်ပြည်နယ် ကျုံဒိုးမြို့မှာ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-25
ကိုယ်တိုင်လုပ် ဒရုန်းလေယာဉ်ငယ်ထဲမှာ အင်အားပြင်းဗုံး နှစ်လုံးထည့်ပြီး ကုမ္ပဏီဝန်းထဲကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့တာဝန်ခံ ကိုဖိုးဇေက RFA ကိုပြောပါတယ်။
2023-03-25
မြန်မာစစ်ကောင်စီနဲ့ ဒေသခံ လက်နက်ကိုင်တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် သူတို့ဘက်ကို ရောက်မလာအောင် " ၂၄ နာရီ ခုနစ်ရက်ပတ်လုံး" လုံခြုံရေးတိုးထားတယ်လို့ မဏိပူပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
2023-03-25
ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
2023-03-25
မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် မတ်လ ၂၄ ရက်ကစလို့ ရွာခြောက်ရွာက အရပ်သားငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-03-25
ဒီးမော့ဆိုမြို့နယ်မှာ မတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။