သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-04
( ၆၇ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကို မြန်မာနိုင်ငံတွင်း နေ ရာအနှံ့အပြားမှာ ကျင်းပနေသလိုပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း မြန်မာနိုင်ငံသားတွေစုပေါင်း ပြီး လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့သူတွေ အတွက် ဆွမ်းကပ်လှူဒါန်းပြီး လွတ်လပ်ရေးနေ့ အကြောင်း ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
2015-01-04
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အထူး စီးပွားရေးဇုန်နယ်မြေအတွင်းက လယ် ယာမြေတွေမှာ လုပ်ပိုင်ခွင့်ရရှိဖို့အ တွက် တောင်သူတွေက တရားဝင်မှတ်ပုံတင်တာကို မြို့နယ်မြေစာရင်းဌာနက ငြင်းပယ်နေတာကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတောင်းဆိုဖို့ တောင် သူတွေက မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။
2015-01-03
လာမယ့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီ အစည်းအဝေးမတိုင်မီ တိုင်းရင်းသားမဟာ မိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လုပ်ငန်းအားလုံး ကို ရပ်ဆိုင်းထားမယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ရခိုင် အမျိုးသားပါတီက ဒီနေ့ ကြေညာလိုက်ပါတယ်။
2015-01-03
လက်ပံတောင်းတောင်ဒေသမှာ ဒီဇင်ဘာလ ၂၂ရက်နေ့က သေနတ် ထိမှန်သေဆုံးသူ ဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရရှိသူဒေသခံ ၁၀ဦးအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆားလင်းကြီး မြို့မရဲစခန်းမှာ ဒေါ်ခင်ဝင်ရဲ့ မိသားစုဝင်တွေက ဒီကနေ့ အမှုဖွင့်လိုက်ပါတယ်။
2015-01-03
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူတွေအတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲ တစ်ရပ်ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။
2015-01-03
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဇန်နဝါရီလအ တွင်းမှာ ပြန်လည်လုပ်ကိုင်မှာဖြစ်တဲ့အတွက် ယမ်းဖောက် ခွဲဖို့ဆိုပြီး သတ်မှတ်ချိန်အတွင်းမှာ ရွာသားတွေကို အပြင် မထွက်ကြဖို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက မနေ့က ရွာသားတွေကို အကြောင်းကြား စာပေးပို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2015-01-03
မြန်မာပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက် တန်သေး ဘူးလို့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီ စနစ်ကို မကျင့် သုံးချင်တဲ့လူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2015-01-02
တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းအတွင်းက လယ်သမားတွေ ရင်ဆိုင်နေရတဲ့ လယ်ယာမြေ ပြဿနာတွေအပြင် ရေလုပ် သားတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
2015-01-02
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၄ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စား လှယ်တွေတင်သွင်း တဲ့ ဥပဒေကြမ်းတွေကို အတည်ပြုပြဌာန်းခဲ့တာ မရှိ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ပြောပါတယ်။
2015-01-02
မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပါတီနှစ် ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ နဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် ပါတီတို့ဟာ ကချင်အမျိုးသားကွန်ဂရက် ပါတီအမည်နဲ့ ပေါင်းစည်းလိုက်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။
2015-01-02
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးတိုးချဲ့ ခတ်ရာမှာပါသွားတဲ့ လယ်မြေဧက ၈ဝဝ မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် လျော်ကြေးငွေကို ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက် က တောင်သူတွေထံ ပေးအပ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။
2015-01-02
ဒီလ ၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပ မယ့် ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တက်ရောက်ဖို့အတွက် လွှတ်တော် ဥက္ကဌတွေနဲ့ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌတွေကို ဖိတ်ကြားထားသလို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၄ ဖွဲ့အပြင် လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေ ဆဲဖြစ်တဲ့ ကေအိုင်အေနဲ့ တအာင်းလွတ်မြောက်ရေးတပ် မတော် ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
2015-01-02
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်း ကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း အတွင်း ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့် ကို နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့်ထုတ်ပြန် လိုက်ပါတယ်။
2015-01-01
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ရေးဆွဲမယ်လို့ ရှန်ဟိုင်း နေ့စဉ်သတင်းက ဖော်ပြပါတယ်။
2015-01-01
လာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလကုန်မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲစာရင်းထဲ မှာ မပါဝင်ပါက သက်ဆိုင်ရာ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန မှာ တောင်းဆိုဖြည့်စွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အစိုးရသတင်းစာတွေမှာ ကြေညာ ချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။