သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-26
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဆဲဆို ပုတ်ခတ်တာတွေ ရေးသားတဲ့ မစန္ဒီမြင့်အောင်ကို ပဲခူး မြို့နယ် တရားရုံးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အရ အလုပ်နဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2017-05-26
နေပြည်တော်ကောင်စီနယ်မြေမှာ ပြုလုပ် ခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးဖို့ တောင်း ဆိုဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေထဲက ထောက်ပံ့ကြေး မရသူတွေ နဲ့ နေရပ်ပြန်ဖို့ ငွေကြေး အခက်အခဲဖြစ်ခဲ့သူ အယောက် ၁၀၀ ကျော်လောက်က ဝန်ကြီးဌာနကို အကြောင်းကြားလာတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေး မှုဝန်ကြီးဌာနက ပြောပါတယ်။
2017-05-26
ယူနိုက်တက်အမရဘဏ်မှာ ဘာသာရေး အဖွဲ့အစည်းတွေ ငွေကြေးအပ်နှံထားမှု ရှိတယ်ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ က နေပြည်တော်မှာ သတင်းထောက်တွေကို ဖြေကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယူနိုက်တက်အမရဘဏ်ဘက်ကို ဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။
2017-05-26
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်မှာ အသေးစားစက်မှုလက်မှု ရပ်ကွက် ထူထောင်ဖို့ သိမ်းဆည်းထားတဲ့ လယ်ယာတွေအတွက် လျော်ကြေးယူကြဖို့ အစိုးရဘက်က ကမ်းလှမ်းတာကို တောင်သူတွေဘက်က ငြင်းဆိုလိုက် ပါတယ်။
2017-05-26
ချင်းပြည်နယ်က အမျိုးသမီးနဲ့ ကလေးငယ် အများစုပါတဲ့ လူပေါင်း ၃၃၈ ယောက် ဟာ ဒေသမတည်ငြိမ်မှုကြောင့် နယ် စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ထွက်ပြေးခိုလှုံ လာတဲ့အတွက် အာသံရိုင်ဖယ်တပ်က ကူညီစောင့်ရှောက် ထားပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး သူတို့ကို မူလဒေသဆီ မေလ ၂၄ ရက်နေ့မှာ ပြန်ပို့လိုက်ပြီ လို့ သိရပါတယ်။
2017-05-26
မလေးရှားနိုင်ငံ ပီနန်းမြို့ကနေ မြန်မာနိုင်ငံ မြိတ်မြို့ကို ခုတ်မောင်းလာတဲ့ အောင်စိန်မြတ် ကုန်တင်စက်လှေ တစင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့နားက ရာချာနွိုင်ကျွန်းနားမှာ ဗုဒ္ဓဟူးနေ့လည်က မုန်တိုင်းမိပြီး လှိုင်းလေကြီးလို့ နစ်မြုပ်လုဆဲဆဲမှာ သင်္ဘောသားတွေကို ထိုင်းငါးဖမ်းသင်္ဘောတစ်စင်းက ကယ်ဆယ်လိုက်တယ်လို့ သိရပါတယ်။
2017-05-25
"ဝ" တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့ ၇ ဖွဲ့ဟာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ဖွင့်ပွဲရက်ကို တက်ရောက်ပြီး ညီလာခံ ဒုတိယနေ့ကို တက်ရောက်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ တစ်ဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။
2017-05-25
နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသ မျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့ အချက်ကို ထည့်သွင်းမဆွေးနွေး သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-05-25
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟို တယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စိစစ်နေတယ်လို့ တာ ဝန်ရှိသူက ပြောပါတယ်။
2017-05-25
အိမ်အကူမိန်းကလေး ၂ ဦး ကို ညှဉ်း ပန်းနှိပ်စက်ခဲ့တာနဲ့ ပတ်သက်ပြီး အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစု ၆ ဦးကို အနောက်ပိုင်းခရိုင်တရားရုံးက တစ်ဦးချင်းစီ ဆက်လက်ရင်ဆိုင်ရမယ့် ပုဒ်မတွေနဲ့ ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။
2017-05-25
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းက လယ်မြေတွေပေါ်မှာ ကုမ္ပဏီက မြေဖ့ိုတာကြောင့် ကုမ္ပဏီနဲ့ လယ်သမားတွေ ကြားဖြစ်နေတဲ့ မြေယာပြဿနာကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဖြေရှင်းပေးမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။
2017-05-25
အမုန်းတရားတွေဟောကြားတဲ့ အရှင် ဝီရသူ နာမည်ကတင်ပဲ ကြောက်ရလွန်းလို့ ရုပ်ရှင်ကား နာမည်ကို ဦးဝီရသူဘွဲ့ကို အင်္ဂလိပ်လိုရေးတဲ့ အတိုကောက် W လို့ ပေးရပါတယ်လို့ ဦးဝီရသူအကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဆွစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ Barbet Schroeder က အေအက်ဖ်ပီ သတင်းဌာန ကို ပြောကြားလိုက်ပါတယ်။
2017-05-24
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး တစ်နေ့ကို အယောက် ၁၅၀ လောက် သေဆုံးနေရပြီး၊ အဲဒီထဲက ၃၀ ရာ ခိုင်နှုန်းလောက်ဟာ အာဟာရချို့တဲ့မှုကြောင့် သေ ဆုံး ရတာဖြစ်တယ်လို့ ယူနီဆက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပြောပါတယ်။
2017-05-24
၂၁ပင်လုံ ညီလာခံ တက်ရောက်နေ တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ကိုယ် စားလှယ်တွေက သူတို့ အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်းဆန်စုကြည်နဲ့ တွေ့ဆုံခွင့် ရဖို့ တောင်း ဆိုသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
2017-05-24
မနေ့က မြန်မာနိုင်ငံ သံဃမဟာနာယက ကထုတ်ပြန်တဲ့ ကြေညာချက်ဟာ မဘသ အဖွဲ့ကို ဖျက်သိမ်းခိုင်းတာ မဟုတ်ဘူးလို့ သုံးသပ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုဦးဆောင် ဆရာတော် ဦးသောပါက ကမိန့်ကြားပါတယ်။