သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-29
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြုှပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို တိုင်းစာရင်းစစ်ချုပ် ရုံးကနေ စစ်ဆေးပြီး လွှတ်တော်ထံတင်ပြပေးဖို့ ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ အဆိုကို ဒီနေ့ တိုင်းဒေသလွှတ်တော်မှာ ကိုယ်စားလှယ် ၄ဦးက ဆွေးနွေးပြီး လာမယ့် ဇွန်လ ၄ရက်နေ့မှာ အတည်ပြုချက် ရယူတာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2018-05-29
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကယားပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီဝင် ၃ ဦးနဲ့ဒေသခံ ၁ ဦးအသတ်ခံရမှုကို အစိုးရတပ်မတော်က ခုံရုံးဖွဲ့စစ်ဆေးနေရာ မှာ လူသတ်မှုဖြစ်စဉ်အတွင်း လွတ်မြောက်ခဲ့တဲ့ KNPP တပ်သားတစ်ဦးနဲ့ ဗဟိုကော်မတီဝင် တစ်ဦးကို သက်သေအဖြစ်ထွက်ဆိုပေးဖို့ အစိုးရတပ်မတော်ဘက်က တောင်းဆိုထားပါတယ်။
2018-05-29
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ နှောင့်နှေးနေတာဟာ တပ်မတော်ကြောင့် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ဒီနေ့ ပြောပါတယ်။
2018-05-29
မန္တလေးတိုင်းဒေသကြီးအတွင်း ထန်းပင်တွေကို ခုတ်လှဲရောင်းချနေတာတွေကို တားမြစ်ဖို့အတွက် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်တွေကို မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးတွေထံ တိုင်းအစိုးရအဖွဲ့က ပေးပို့ထားပါတယ်။
2018-05-29
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖဒူကျေးရွာအုပ်စုမှာ မနက်ဖြန်ကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက်ဖျက်သိမ်းလိုက်ရတယ်လို့ ပွဲစီစဉ်သူတွေက ဒီနေ့ ပြောပါတယ်။
2018-05-29
ရိုက်တာ သတင်းထောက်နှစ်ယောက်ကို စွပ်စွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ရုံးတော်မှာ ရဲအရာရှိရဲ့ တင်ပြချက်ဟာ လျှို့ဝှက်ချက်စာရွက်စာတမ်းတွေ မဟုတ်ဘူးလို့ ရှေ့နေကပြောပါတယ်။
2018-05-29
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားကနေ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို ၄၅ မိုင်ကနေ မိုင် ၅၀ ထိ တိုက်ခတ်ပြီး ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
2018-05-29
နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ နဲ့ တရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့အမှုကို မနေ့က ဆက်လက် စစ်ဆေးခဲ့ရာမှာ သူတို့နှစ်ဦးရဲ့ လက်ကိုင်ဖုန်းတွေကို ရဲတပ်ဖွဲ့က ရှာဖွေခွင့် ဝရမ်းမပါဘဲ ရယူစစ်ဆေးခဲ့တယ်လို့ သက်သေဖြစ်သူ ရဲအရာရှိ တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။
2018-05-28
ရဲဘက်စခန်းတွေက ကျောက်ထုတ်စခန်းတွေကို ပိတ်သိမ်းဖို့ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက သုံးသပ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ က ဒီနေ့ ပြောပါတယ်။
2018-05-28
တပ်မတော်ဘက်က တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်တန့်ပေးဖို့နဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ ကယားပြည်နယ်(ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလူထု နှီးနှောဖလှယ်ပွဲကနေ တောင်းဆိုလိုက်ပါတယ်။
2018-05-28
တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေထဲက ၃ ဦးကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။
2018-05-28
ဧရာဝတီတိုင်းဒေသကြီးအတွင်းက တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ အတွက် တိုင်းဒေသကြီးလွှတ်တော်က ဦးဆောင်ကာ လာမယ့် ဇွန်လမှာ စုံစမ်းစစ်ဆေးမယ့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားမယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
2018-05-28
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်မှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။
2018-05-28
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းစေဖို့ ရည်ရွယ်ချက်နဲ့ ကက်သလစ်ဘာသာဝင် ခန့်မှန်း ၅ ထောင်လောက်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ မယ်တော်ထမ်းစင်နဲ့အတူ စိပ်ပုတီးစိပ်ပြီး လှည့်လည်ဆုတောင်းခဲ့ကြပါတယ်။
2018-05-28
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့တွေ၊ ဒေသခံတွေက နေပြည်တော် သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။