သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-29
ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကန်ကြီးနောင်ကျေးရွာနဲ့ ဝဲကြီးကျေးရွားတဝိုက်မှာ KNU တပ်မဟာ ၅၊ အစိုးရတပ်မတော် နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့အကြား ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကန်ညီနောင်ကျေးရွာသား ၄၀၀ လောက်ဟာ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။
2018-08-29
မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌနဲ့ လူထုတွေ့ဆုံပွဲမှာ ပါတီအလံနဲ့ တံဆိပ်တွေသုံးစွဲတာ ဥပဒေနဲ့ ညီ၊ မညီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ယေဘုယျဆန်တယ်ဆိုပြီး ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
2018-08-29
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလောင်တမံ ရေပိုလွှဲ ကျိုးပေါက်တာကြောင့် အနီးအနားဒေသတွင်း ရေကြီးခဲ့တဲ့အတွက် ဆွာမြို့နဲ့ ရေတာရှည်မြို့က ကျေးရွာ ၈၅ ရွာ ရေနစ်မြုပ်ပြီး လူ ၇ ယောက် ပျောက်ဆုံးနေတယ်လို့ ရေတာရှည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
2018-08-29
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ မြန်မာ တပ်ဖွဲ့တွေရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေနဲ့ အဲဒီလို လုပ်ဆောင် ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦး ကို စွဲချက်တင်စစ်ဆေးရန် အကြံပေးချက်တွေကို အဖွဲဝင်နိုင်ငံတွေ လေးလေးနက်နက် စဉ်းစားကြဖို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြား လိုက်ပါတယ်။
2018-08-29
မနေ့ကကျင်းပတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နစ်ကီဟေလီက... အမေရိကန် နိုင်ငံခြားရေးဌာန စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိရတာတွေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေ ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အချက်အလက်တွေ ကိုက်ညီနေတယ်လို့ ပြောကြားလိုက်ပါတယ်။
2018-08-29
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်စပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပုံကို လုံခြုံရေးကောင်စီမှာ မနေ့က တင်ပြခဲ့ပါတယ်။
2018-08-29
မနေ့က တနေ့တည်းမှာပဲ ဝါရှင်တန်မှာတော့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ဟယ်သာ နော့အတ် က မြန်မာနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို “Genocidal intent” (ဂျနိုဆိုက်ဒယ် အင်တန့်) လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ် လုပ်ဆောင်ခဲ့သလား ဆိုတာကို အမေရိကန်အစိုးရအနေနဲ့ ဥပဒေကြောင်းအရ အသိအမှတ်ပြု ဆုံးဖြတ်ခြင်း မရှိသေးပါဘူးလို့ ပြောကြားပါတယ်။
2018-08-29
လက်ရှိဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်သူကမှ လေ့လာသုံးသပ်ခြင်း မရှိဘူးလို့ ဝါရှင်တန်ဒီစီ အမျိုးသားစစ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Zachary Abuza ဇာကရီ အဘူဇာက မနေ့က ဝေဖန်လိုက်ပါတယ်။
2018-08-29
အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell မစ်ချ် မက်ကောနယ်လ် က မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက လူမဆန်ရက်စက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက် ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ပုံချခြင်း မပြုလုပ်သင့်ပါဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-28
မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ကုလသမဂ္ဂက ခုံရုံးတင်စစ်ဆေးမှုတွေ အမှန်တကယ် ပေါ်ပေါက်စေလိုတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ မွတ်စလင်ခေါင်းဆောင်တွေက ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။
2018-08-28
တက္ကသိုလ်ကျောင်းအသီးသီးက စာကြည့်တိုက်တွေမှာရှိတဲ့ စာအုပ်တွေကို သော့ခတ် သိမ်းမထားဘဲ ကျောင်းသူ၊ ကျောင်းသားတွေ ဖတ်ရှုနိုင်အောင် ထားပေးဖို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ ပါမောက္ခချုပ်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2018-08-28
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီရဲ့ မဲဆွယ်စည်းရုံး ဟောပြောချက် စာတမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အသုံးအနှုန်းတချို့ ပါဝင်တယ်ဆိုပြီး ပြန်လည်ပြင် ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2018-08-28
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို တရားရှင်လွှတ်ပေးဖို့ ရှေ့နေဖြစ်သူက တရားရုံးထံ ဒီနေ့ လျှောက်လဲချက် တင်လိုက်ပါတယ်။
2018-08-28
ပုသိမ်တက္ကသိုလ်မှာ ကျောင်းသားလွှတ်တော် ကျင်းပတာကို ပြည်ထောင်စု လွတ်တော်ရုံးနဲ့ ပညာရေးဝန်ကြီးဌာနတွေက တားမြစ်တဲ့အပေါ် ပုသိမ်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းက ကန့်ကွက်လိုက်ပါတယ်။
2018-08-28
အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတချို့ ပါဝင်ကြမယ့် နိုင်ငံရေးပါတီတစ်ခုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှာ ပါတီတည်ထောင်ခွင့် လာရောက်လျှောက်ထားတယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။