သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-03
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မဟာမိတ်တွေက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2023-02-03
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း အသတ်ခံရမှုနဲ့ ပတ်သက်လို့ သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ Luminous ကုန်ပစ္စည်းဆိုင်က မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို အေအေ အဖွဲ့ရဲ့ ULA/AA ဒေသအဆင့် တရားရုံးက ဖေဖော်ဝါရီလ ၃ ရက် ဒီကနေ့မှာပဲ သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ အေအေ အဖွဲ့ ပြောခွင့်ရ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
2023-02-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက် မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာရဲလွင်ကို ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၄၀၉ နဲ့ စစ်ကောင်စီရဲ့ အိုးဘိုအကျဉ်းထောင်တရားရုံးက ဖေဖော်ဝါရီလ ၃ ရက် ဒီနေ့မှာ ထောင်နှစ်နှစ် ချလိုက်ပါတယ်။
2023-02-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ရွာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ်က မြေမြှုပ်မိုင်းနင်းမိလို့ ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-02-03
ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုလမ်းပိုင်းက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ဒီနေ့ပြောပါတယ်။
2023-02-03
ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးစခန်းတစ်ခုဖြစ်တဲ့ တောမော (IDC) ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၉ ဦးကို ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
2023-02-03
စစ်တပ်က အာဏာမသိမ်းခင် ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံတစ်ဝန်းတိုက်ပွဲ ၄၆၀၀ ကျော်ပဲရှိခဲ့ရာကနေ အခုအာဏာသိမ်းပြီး နှစ်နှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့တာပါ။
2023-02-03
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းရွာဘက်မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး နေရာယူထားတာကြောင့် ဒေသခံ ၄၀၀ ကျော်ဟာ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တွေက RFA ကိုပြောပါတယ်။
2023-02-02
ပါဝင်ဟောပြောသူတွေက အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာပြည်ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း၊ စစ်ကောင်စီဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ တော်လှန်ဆန့်ကျင်မှုကို အကြီးအကျယ်ကြုံတွေ့နေရပြီဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။
2023-02-02
ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ် အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ ဒီနေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
2023-02-02
အာဏာသိမ်း နှစ်နှစ်ပြည့်ပြီးနောက် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီစာရင်းမှာ ကြိုတင်အသေးစိတ် သဘောတူညီချက်မယူဘဲ အမည်ထည့်သွင်း ဖော်ပြခံခဲ့ရတာလို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်က ပြောလိုက်ပါတယ်။
2023-02-02
လူသားချင်းစာနာမှုအကူအညီပေးရေး အသိုက်အဝန်းဟာ အမေရိကန်ဒေါ်လာ ၇၆၄ သန်း သုံးစွဲမယ့် အရေးပေါ် အကူအညီပေးရေးအစီအစဉ်ကို စတင်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက လူဦးရေ လေးသန်းခွဲကို ဦးစားပေး ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2023-02-02
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဖေဖော်ဝါရီ ၁ ရက်၊ ညနေပိုင်းက PDF နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဟုမ္မလင်း PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
2023-02-02
ဧရာဝတီတိုင်း၊ ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၁၂ ဦးကို စစ်ကောင်စီရဲ့ တရားရုံးတွေကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ထောင်နှစ်နှစ်စီ ချလိုက်တယ်လို့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ပြောပါတယ်။
2023-02-02
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဟားခါးမြို့မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရပြီး ၃၇၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟားခါး CDF အဖွဲ့က ထုတ်ပြန်ပါတယ်။