သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-11
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်မှာ ဇန်နဝါရီ ၇ ရက်နေ ၉ ရက်အထိ ဒေသခံအရပ်သား လေးဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-11
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၆ ရက်ကနေ ၈ ရက်အထိ ရွာငါးရွာက နေအိမ် ၂၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-11
ဇန်နဝါရီလ ၁၀ ရက်နေ့က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ကိုင်ပြီး ကစားတာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-11
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရှော်ဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဇန်နဝါရီလ ၁၁ ရက်၊ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-11
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကို ဝမ်းနည်းတဲ့အတွက် ချင်းပြည်နယ် ဟားခါးမြို့က ဈေးဆိုင်တွေအားလုံး ဇန်နဝါရီလ ၁၁ ရက်မှာ ပိတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-10
စက်သေနတ်နဲ့ ၁ဝချက်လောက် ပစ်ခတ်နေတာကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးလာမှာ စိုးရိမ်ပြီး ညတွင်းချင်း ထွက်ပြေးနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
2023-01-10
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘဲ CNF ဌာနချုပ်ရှိတဲ့ မိသားစုအိမ်ယာနဲ့ စခန်းဘက်ကို ပစ်မှတ်ထားပြီး တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်သွားတာလို့ ဒေသခံတချို့က ပြောပါတယ်။
2023-01-10
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ဝ၂ဝ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစပြီး ပိတ်ထားတဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ဖို့ တာ့ခ်ခရိုင်မှူးအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေ ဇန်နဝါရီလ ၆ ရက်နေ့က စည်းဝေးဆုံးဖြတ်ခဲ့ကြတာပါ။
2023-01-10
အာဏာသိမ်းစစ်ကောင်စီက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေတဲ့ တစ်ချိန်တည်းမှာပဲ အရင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးချယ်ခံခဲ့ရတဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီထောက်ခံသူတွေ ခပ်စိပ်စိပ် ပြန်အဖမ်းခံနေရပါတယ်။
2023-01-10
စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး ပျံဝဲနေတာကြောင့် စာသင်နေတဲ့ ကလေး ၅၀ကျော်လည်း အထိတ်တလန့်နဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
2023-01-10
အရပ်သားနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဇန်နဝါရီလ ၇ ရက်ကနေ ၉ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ အရပ်သားလေးဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-01-10
ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ၇၅ နှစ်ပြည့် ကချင်ပြည်နယ်နေ့ မတိုင်ခင်ညမှာ ပြုလုပ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၀ ရက် ဒီကနေ့ဟာ ကချင်ပြည်နယ်နေ့ဖြစ်ပါတယ်။
2023-01-10
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွရွာကို ဇန်နဝါရီလ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ရှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်သုံးဦး အပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-10
ထီးချိုင့်မြို့နယ် ထန်းကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကို ဇန်နဝါရီလ ၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် ဦးကျော်ခင် သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-10
ပန်းညိုရွာမှာ နေအိမ် တစ်ထောင်နီးပါးရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။