သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-23
ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းနဲ့ပြည်နယ် ၆ ခုထဲက တချို့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ နယ်မြေစာရင်း ကြေညာလိုက်တာဟာ လုံခြုံရေးကြောင့်လို့ သမ္မတရုံးက မနေ့က ပြောလိုက်ပါတယ်။
2020-10-23
ရခိုင်ပြည်နယ်မှာ မြို့နယ် ငါးမြို့နယ်သာ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပသင့်တဲ့နယ်မြေအဖြစ် သတ်မှတ်သင့်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က အကြံပြုခဲ့တာလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-10-23
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရတော့ကြောင်း ကော်မရှင်က ကြေညာပြီးဖြစ်တဲ့ နေရာတွေထဲက ဘေးအန္တရာယ်ကင်းပြီး တည်ငြိမ်အေးချမ်းမှုရှိတဲ့ ဒေသတွေမှာ ကျင်းပခွင့် ပြန်ထည့်ပေးဖို့ နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
2020-10-23
ရွေးကောက်ပွဲမှာ ပြည်သူတွေ လွတ်လပ်စွာမဲပေးခွင့်ကို ထိခိုက်မှုနဲ့ အနှောက်အယှက် ဖြစ်နိုင်စေမယ့် အကြောင်းအရာတွေကို လူထုစစ်တမ်းကောက်ယူရာမှာ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ အဖြေက ရာခိုင်နှုန်း အများဆုံး ရရှိထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။
2020-10-23
ရက္ခိုင့်တပ်တော် AA အဖွဲ့အနေနဲ့ တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးခြင်းအားဖြင့်၊ ပြည်သူတွေရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို မဖျက်ဆီးဖို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သတိပေးလိုက်ပါတယ်။ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူဖို့ကိုလည်း ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ဦးဇော်ဌေးက တိုက်တွန်းသွားပါတယ်။
2020-10-23
ထောင်ပြေးမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဖျက်သိမ်းခံ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) နဲ့ စွဲချက်တင်တာကို ချမ်းအေးသာစံမြို့နယ်တရားရုံးက ဒီကနေ့ လက်ခံလိုက်ပါတယ်။
2020-10-23
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ နိုင်ငံပိုင်ပစ္စည်းများသုံးစွဲနေမှုနဲ့ လူမျိုးရေးခွဲခြားနေမှုအပေါ် အမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။
2020-10-23
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ကို ဘယ်လိုရွေးမလဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မူဝါဒ ခြောက်ချက်ကို တပ်မတော်ပိုင် မြဝတီသတင်းစာမှာ နေ့စဉ်ဖော်ပြခဲ့မှု ရပ်ဆိုင်းခဲ့ရခြင်းဟာ လူမျိုးရေး၊ ဘာသာရေး အသုံးပြု မဲဆွယ်သလို ဖြစ်နေတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်ခဲ့တာ ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
2020-10-23
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်အပေါ် ပြန်လည်သုံးသပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး စီစစ်ပေးဖို့ အဲဒီမြို့နယ်မှာ ယှဉ်ပြိုင်ဖို့စီစဉ်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း လေးဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မနေ့က စာရေးသားတောင်းဆို လိုက်ပါတယ်။
2020-10-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတို့ ဦးဆောင်တဲ့ ညီလာခံတခုကို အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2020-10-22
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဆိုတဲ့ အစီရင်ခံစာသစ် ကို PHR ခေါ် လူ့အခွင့်အရေး ဆိုင်ရာ သမားတော်များအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2020-10-22
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁ဝဝ၅ ယောက် ရှိသွားပါပြီ။
2020-10-22
မန္တလေးမြို့မှာ ရခိုင်အရေးတောင်းဆိုခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့က ကျောင်းသား ၃ ယောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်လ ဒီနေ့ ချမှတ်လိုက်ပါတယ်။
2020-10-21
ကိုလိုနီစနစ်အောက်က လွတ်မြောက်ချိန်ကနေ စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဟာ လက်ရှိ နိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးပုံဖော်နေဆဲဖြစ်တယ် လို့ ထင်ရှားတဲ့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက နိုင်ငံတကာဆွေးနွေးပွဲ တစ်ခုမှာ ပြောလိုက်ပါတယ်။
2020-10-21
NLD အမတ်လောင်းသုံးယောက်ကို ရခိုင့်တပ်တော် AA က ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကြီးမားစွာအဟန့်အတား ဖြစ်နိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။