သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-27
မြန်မာပြည်မှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်ရှိလာနိုင်တဲ့အတွက် အကြမ်းဖက်မှု တွေ ချက်ချင်းရပ်ဖို့ အမေရိကန် အပါအဝင်ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံက စစ်ကောင်စီကို မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြီး ထပ်မံတိုက်တွန်းလိုက်ပါတယ်။
2021-11-27
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် သာယာအေးရွာမှာ နိုဝင်ဘာ ၂၃ ရက်က နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် မိသားစုဝင် ငါးယောက် သတ်ခံခဲ့ရတာဟာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ လက်ချက်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မှားနေတယ်လို့ PDF တွေက ပြောပါတယ်။
2021-11-27
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဇလပ်ရပ်ကွက်က မြို့နယ်ပညာရေးမှူးရုံးမှာ နိုဝင်ဘာလ ၂၇ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
2021-11-26
ဝ အမျိုးသားပါတီ (WNP) ဒု-ဥက္ကဋ္ဌ ၁ ဦးညီပလုပ်ဟာ နိုဝင်ဘာ ၂၆ ရက် မနေ့ညနေပိုင်းက ကွယ်လွန်ခဲ့တယ်လို့ WNP က ထုတ်ပြန်ပါတယ်။
2021-11-26
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကနေ ရောင်းချနေတဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေဟာ အရေးယူခံရနိုင်ပြီး၊ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
2021-11-26
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေ အနာဂတ်မှာ ဆက်လက်ဖြစ်ပေါ်နေမယ့် အလားအလာရှိနေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နဲ့ အခြား နိုင်ငံခြောက်နိုင်ငံ ပူးတွဲပြီး ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-11-26
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုအချိန်ထိ အချိန်ဆယ်လ တာကာလအတွင်းမှာ သေနတ်အလက်ပေါင်း ၆၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ တယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2021-11-26
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ကစလို့ အထောက်အထားမပါဘဲ ခရီးသွားလာရင် ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မနေ့က ဒေသန္တရ အမိန့် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
2021-11-26
NLD အစိုးရလက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို စစ်တပ် က အငြိမ်းစားပေးလိုက်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့ညနေကပြောပါတယ်။
2021-11-26
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ နိုဝင်ဘာလ ၂၅ ရက် မနေ့က ဒေသခံကာကွယ်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေ ထွက်ပြေး ခိုလှုံနေတဲ့ သာယာကုန်းရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူကိုးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-26
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းလိန်ကျေးရွာမှာ ဆိုင်ကယ်နဲ့ စပါး သွားကြိတ်ပြီးပြန်လာတဲ့ လူငယ်သုံးဦးကို နိုဝင်ဘာလ ၂၅ ရက် မနေ့ညနေပိုင်းက အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တဲ့အတွက် လူငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့် (MNDAA) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဖိုင်းကောင်းရွာနဲ့ တရုတ်နယ်စပ် ခြံစည်းရိုးအနီးကို ထွက်ပြေး နေကြရတဲ့ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ် လို့ ဒုက္ခသည်စခန်းမှာ ရောက်နေသူက RFA ကို ပြောပါတယ်။
2021-11-26
မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်အချို့ ဆန္ဒပြမှုကို ရိုက်နှက်ဖြိုခွင်း ပြီးတဲ့နောက် ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ရန်ကုန်မြို့က မြန်မာပလာဇာ စျေးဝယ်စင်တာရှေ့မှာ ရဲနဲ့ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရပါတယ်။
2021-11-26
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်)နဲ့ မုံးကိုးမြို့နယ်ခွဲကြား တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ဒေသခံတွေနဲ့ နှစ်နိုင်ငံ နယ်မြေအငြင်းပွား မှုတွေရှိနေပေမဲ့ တရုတ်ဘက်က ခြံစည်းရိုးတွေ အခိုင်အမာ ဆက်လက်ကာရံနေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2021-11-26
ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်မဟာ (၉)၊ တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ နောင်လွတ်ဒေသမှာ နိုဝင်ဘာလ ၂၅ ရက် မနေ့မနက်အစောပိုင်းက စစ်ကောင်စီ တပ်က စစ်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဒီနေ့ပြောပါတယ်။