သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-02
MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ ဇူလိုင်လ ၂၄ ရက်ကနေ ဩဂုတ်လ ၂ ရက်နေ့အထိ မြန်မာအလုပ်သမား နှစ်ရာနီးပါး ဖမ်းဆီးခံထားရတယ်လို့ အဲဒီအခြေအနေကိုသိသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-08-02
ဧရာဝတီနဲ့ ရခိုင်ရိုးမ အစပ်တွေဖြစ်တဲ့ ဧရာဝတီတိုင်းဘက်အခြမ်း မြန်အောင်၊ ရေကြည်နဲ့ ကြံခင်း မြို့နယ်တွေမှာ စစ်ကောင်စီတပ် အင်အား နှစ်ရာနီးပါး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-02
ပလက်ဝမြို့ကနေ ဆောမြို့ကို သွားဖို့ မော်တော်ဆိုင်ကယ် စီးနင်းခ တစ်ယောက်ကို ငွေကျပ် ၁၄ သိန်းအထိ ပေးနေရတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။
2024-08-02
တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းသုံးခုကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2024-08-02
MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က တုံချိန်နဲ့ ကျင်မောက်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိခဲ့ပါတယ်။
2024-08-02
သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင် ဒါမှမဟုတ် ကြီးကြပ်သူတွေကနေတစ်ဆင့် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက စာရင်းကောက်ယူနေတာပါ။
2024-08-02
မြန်မာပြည် ပြည်တွင်းစစ်ပြဿနာဟာ မဝေးတော့တဲ့အနာဂတ်မှာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဝန်ကြီး ဦးကိုကိုလှိုင်ကို ပြောလိုက်တယ်လို့ ခမာတိုင်းမ်စ် သတင်းစာမှာ သြဂုတ်လ ၂ ရက်နေ့ ဖော်ပြထားပါတယ်။
2024-08-02
ရန်ကုန်မှာ အွန်လိုင်းငွေလိမ်တဲ့ တရုတ်နိုင်ငံသား နှစ်ဦးပါအဝင် ခြောက်ဦးကို နှစ်ရှည်ထောင်ချခဲ့ပြီး နောက်ထပ် ၆၃ ဦးကို ထောင်သုံးနှစ်စီ ချလိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
2024-08-02
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ငါးဆယ်ကျော်ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက်အလုပ်သမားတွေက ပြောပါတယ်။
2024-08-02
လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ဝင်ရောက်တိုက်ခိုက်နေပြီး ဩဂုတ်လ ၂ ရက်နေ့ မနက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-02
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင် ခြောက်ဆယ်ကျော်ကို စစ်သုံ့ပန်းအဖြစ် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက ဖမ်းဆီးထားပါတယ်။
2024-08-01
သထုံမြို့နယ် ကမာစိုင်ကျေးရွာ ကွက်သစ်အနီး ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်က ကမာစိုင်တံတားဟာ သြဂုတ်လ ၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရပါတယ်။
2024-08-01
စက်ရုံမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ချသွားတာလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
2024-08-01
ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ ဆယ်ဦးစီနဲ့ အများဆုံးဖမ်းဆီးခံရတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2024-08-01
အရပ်သားတွေအနေနဲ့ စစ်ကောင်စီက အတင်းအဓမ္မ အကျပ်ကိုင်ပြီး ဖိအားပေးစေခိုင်းမယ်ဆိုရင်လည်း မလုပ်ကြဖို့ သတိပေးထားပါတယ်။