သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-24
မြန်မာများရဲ့ ရုပ်ပုံလွှာလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပြသနေရာမှာ ဒီကနေ့ နေ့လည်ပိုင်း အထိ ပန်းချီကား ရှစ်ကား၊ တန်ဖိုး ၁၃ သိန်း ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
2011-10-24
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ဟာ ဒုတိယ အကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က RFA ကို အတည်ပြု ပြောဆိုပါတယ်။
2011-10-24
ဟာသသရုပ်ဆောင် ကိုဇာဂနာဟာ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းကျရာ မြို့တွေက ထောင်တွေကို သွားရောက်ပြီး ထောင်ဝင်စာပို့တဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဒီကနေ့ ပြည်မြို့ကို ရောက်ရှိခဲ့ပြီး ပြည်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောင်ဝင်စာ ပစ္စည်းပေးပို့ခဲ့ကြောင်း သိရပါတယ်။
2011-10-23
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့ ရည်ရွယ်ပြီး ဥရောပ နိုင်ငံတွေကို ဖြတ်ကျော်ကာ တကိုယ်တော် စက်ဘီးစီးတဲ့ အမျိုးသမီးဟာ ပန်းတိုင် အဖြစ် သတ်မှတ်ထားတဲ့ ချက်သမ္မတနိုင်ငံ Prague မြို့ကို မနေ့က ဝင်ရောက်သွားပါတယ်။
2011-10-23
မကြာသေးခင်က မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဟာသ ပညာရှင် လူရွှင်တော် ဇာဂနာနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက လူငယ်ကွန်ယက် အဖွဲ့တွေရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ အမြင်သဘောထား ဆွေးနွေး ဖလှယ်ပွဲကို ဒီကနေ့ ကျင်းပမှာ ဖြစ်ပါတယ်။
2011-10-23
မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ထား တဲ့ ဘဏ်အားလုံးကို အခုရက်ပိုင်း အတွင်း နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
2011-10-23
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တံတားဖြူ (၈) ရပ်ကွက်မှာ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများကွန်ရက်က လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
2011-10-23
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ဦးဆောင်တဲ့ Clinton Global Initiative ဖောင်ဒေးရှင်းရဲ့ လူမှု အကူအညီပေးရေး လုပ်ငန်းတွေကို လေ့လာဖို့အတွက် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ အမေရိကန် ပြည်ထောင်စုကို လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မယ်လို့ သိရပါတယ်။
2011-10-23
နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးက ထင်ရှားသူတွေရဲ့ ပုံတူပန်းချီကားတွေ ကို ပြသတဲ့ ပန်းချီပြပွဲတခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက စတင်ဖွင့်လှစ် ပြသခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
2011-10-23
မြစ်ဆုံ ရေကာတာစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပစ်ဖို့ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မနေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
2011-10-23
စစ်အစိုးရလက်ထက်က ရွေးချယ် ခန့်အပ်ခဲ့ပြီး ဒီကနေ့အထိ တည်ရှိနေဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီ ကို ဖျက်သိမ်းပြီး ရှေ့နေအားလုံးက ဒီမိုကရေစီစနစ်နဲ့ မဲပေးရွေးချယ်တဲ့ ရှေ့နေများ ကောင်စီကို ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံတဝှမ်းက တရားလွတ်တော်ရှေ့နေတွေ လက်မှတ်ထိုးတင်ပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-10-22
မကြာသေးခင်က အင်းစိန်အကျဉ်း ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုဇော်လင်းထွန်းဟာ ထောင်တွင်းမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရပြီး မှန်ကန်တဲ့ ဆေးဝါးကုသခွင့် မရခဲ့တဲ့အတွက် ရောဂါ ပိုမိုဆိုးဝါးခဲ့တယ်လို့ သိရပါတယ်။
2011-10-22
ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်က ပခုက္ကူမြို့ ရွှေချောင်းရေကြီးမှုကြောင့် ဒီကနေ့အထိ ရရှိတဲ့ စာရင်းတွေအရ သေဆုံးသူ ၂ ရာ ကျော်သွားပြီလို့ သိရပါတယ်။
2011-10-22
မကွေးတိုင်း ဆိတ်ဖြူမြို့နယ်မှာ ယောချောင်း ရေကြီးတဲ့အတွက် ချောင်းတလျှောက်က ရွာတွေ ရေနဲ့ မျှောပါပြီး အပျက်အစီး အဆုံးအရံှုးတွေ ရှိနေပါတယ်။
2011-10-22
ဒုတိယအကြိမ် ပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။