သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-26
စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မနက် ၆ နာရီခန့်အချိန်မှာ အောင်မြေမာန်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးပြုံးချို၊ ကိုအောင်မျိုးထွန်း (ခ) နဂါးကြွက် တို့ကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ လာရောက် ဖမ်းဆီး သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
2021-11-26
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင်အဖွဲ့ဝင် ဦးမင်းသူတို့ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ ပါတယ်။
2021-11-26
မန္တလေးတိုင်း ရမည်းသင်းမြို့ပေါ်က မြန်မာ့ရှေ့ဆောင်ဘဏ်ကို ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့လယ် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ အမည်မသိ သေနတ်သမား နှစ်ဦးက ဓါးပြတိုက်သွားတာကြောင့် ငွေ ကျပ်သိန်း ၁၂၀၀ ဝန်းကျင်ပါသွားတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ ရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
2021-11-26
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ နိုဝင်ဘာ ၂၅ ရက် မနေ့ ညနေ ၆ နာရီလောက်မှာ ဆိုင်ကယ်အတူစီးလာတဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာကြောင့် အသက် ၂၅ နှစ်အရွယ် ကိုဝင်းမင်းထွန်း ဆိုတဲ့ လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-11-26
ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒီနေ့ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ပြီး စစ်သားနှစ်ယောက် သေဆုံးတယ်လို့ CDF အဖွဲ့က ပြောပါတယ်။
2021-11-25
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း အမှတ် (၃) စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ချိန် ဖမ်းဆီးခံရတဲ့ PDF ဆေးတပ်သူ ချင်းအမျိုးသမီး ကိုးဦးထဲက ခြောက်ဦးကို နိုဝင်ဘာလ ၂၄ ရက်နေ့က ကလေးမြို့ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။
2021-11-25
ရန်ကုန်မြို့မှာရှိတဲ့ မြန်မာပလာဇာ ဈေးဝယ်စင်တာမှာ စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ပါရမီလိုင်းကားကိုမစီးဖို့ မနေ့ညနေက စာတန်းကိုင် ဆန္ဒပြခဲ့တဲ့ လူငယ်တွေကို အဲဒီစင်တာက လုံခြုံရေးဝန်ထမ်းတချို့က ရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။
2021-11-25
မနေ့ကနဲ့ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာ ဗီဒီယိုနဲ့ကျင်းပပြီး အာရှနဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင် ၅၀ ကျော်တက်ရောက်တဲ့ အာရှ- ဥရောပ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ခွင့် မရခဲ့ပါဘူး။
2021-11-25
ထိုင်း- ကမ္ဘောဒီးယားနယ်စပ်ဘက် ပရာကျင်ဘူရီခရိုင်ထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးကို အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ခဲ့ ထိုင်းနိုင်ငံသားတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်နေပေမဲ့ သေဆုံးသူရဲ့ဝိညာဉ်က ခြောက်လှန့်တဲ့အတွက် မိသားစုကို ဆက်သွယ်ဝန်ခံခဲ့ပါတယ်။
2021-11-25
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်း အထိ နေအိမ်တွေ ဆက်လက်မီးရှို့ခံခဲ့ရပြီး ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၄၈ လုံး ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-25
ရန်ကုန်တိုင်း တောင်ဒဂုံနဲ့ လှိုင်သာယာမြို့နယ်တွေက လူငယ်နဲ့ လူလတ်ပိုင်းအရွယ် ၅၁ ဦးကို နိုဝင်ဘာ ၂၃ ရက် တစ်နေ့တည်းမှာ စစ်ခုံရုံးအသီးသီးကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ်အနှစ် ၂၀ စီ အသီးသီး ချမှတ်လိုက်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
2021-11-25
NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်အပေါ် နိုင်ငံတော် လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၂၅ ရက် ဒီကနေ့ နေပြည်တော်အထူး တရားရုံးမှာ တရားလိုဘက်ကို စတင် စစ်ဆေး ခဲ့ပါတယ်။
2021-11-25
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမှာရှိတဲ့ ကျောက်တန်း ကျေးရွာနဲ့ ငါးကြီးအိုင်ကျေးရွာကြားက စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က မော်တော်ယာဉ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-25
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ ကင်းစောင့်နေတဲ့ ကရင်နီ အမျိုးသားကာကွယ်ရေး (KNDF) တပ်ဖွဲ့ဝင်တွေကို ဒီနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် KNDF တပ်သားလေးဦး ကျသွားတယ်လို့ KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2021-11-25
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အသက်ဆုံး ရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ၈၅ ဦးကို ဂုဏ်ပြုကြောင်း ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက် ရေးနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်လိုက် ပါတယ်။