သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-26
ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် တနင်္လာနေ့ ရောက်ရှိပါလိမ့်မယ်။
2018-04-25
ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်အတွင်း အာရှ ပစိဖိတ်ဒေသက ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ သတင်းမီဒီယာ ထိန်းချုပ်မှုပုံစံ ခြိမ်းခြောက်ခံနေရတယ်လို့ RSF ခေါ် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က သတိပေးလိုက်ပါတယ်။
2018-04-25
တရုတ်နိုင်ငံရဲ့ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေးရဲ့ တာဝန်ရှိသူတွေဟာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နဲ့ လွှတ်တော်ကော်မတီကို မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2018-04-25
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ် CNPC ကုမ္ပဏီနဲ့ မြန်မာအစိုးရပိုင် MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းစုအနေနဲ့ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို တာဝန်ယူ ဖြေရှင်းမပေးတာကြောင့် ဒေသခံတွေက CNPC နဲ့ MOGE သေဆုံးသွားပြီဆိုတဲ့ မှတ်တိုင်တွေကို နေရာ ၄ ခုမှာ ဒီနေ့ တပြိုင်တည်းစိုက်ထူပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2018-04-25
NVC ကတ် ကိုင်ဆောင်ပြီး နိုင်ငံတဝှမ်း လွတ်လပ်စွာ သွားလာခွင့်ရှိတယ်ဆိုတာ မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။
2018-04-25
၅ ရက်ကြာမြင့်နေပြီဖြစ်တဲ့ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်အင်အား ၃၀၀ နဲ့ ဒီနေ့ တပ်မတော်သား ၁၀၀ ကျော် တို့ ငြှိမ်းသတ်နေကြတယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
2018-04-25
အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးကော် မရှင်တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန်ကစပြီး နှစ်ရက်တာ တရားဝင်ဆွေးနွေးပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
2018-04-25
သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2018-04-25
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ရန်ကုန်တိုင်းက အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းမှာ မိသားစုဝင်တွေက ဒီနေ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ညီဖြစ်သူက ပြောပါတယ်။
2018-04-25
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ၇ နှစ်ကြာ စစ်ပွဲအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ပြည်တွင်းပြည်ပက ကချင်အရပ်ဖက်အဖွဲ့အစည်း ၃၂ ခုက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-04-24
ဗြိတိသျှ ဘောလုံးကလပ်အသင်းတခုဖြစ်တဲ့ Leeds အသင်းက မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက်ကစားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒီအသင်းဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မြန်မာ့လက်ရွေးစင်အသင်းအပြင်၊ ညွှန်ပေါင်းလက်ရွေးစင်အသင်းနဲ့လည်း ကစားမှာဖြစ်ပါတယ်။
2018-04-24
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဗီဗီယန် ဘာလားကရစ်ရှန် က ရခိုင်ပြည်နယ်မှာ လူသားတွေရဲ့ကြေကွဲစရာ ပဋိပက္ခတခု ဖြစ်ပွားနေတာကို မိမိတို့ သက်သေထင်ရှား မြင်တွေ့နေရ ပါတယ်လို့ မနေ့ကပြောပါတယ်။
2018-04-24
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရသူတွေအတွက် အမေရိကန်ပြည်ထောင်စုက နောက် ထပ် ဒေါ်လာ သန်း ၅၀ ကူညီမယ်လို့ ယာယီ နိုင်ငံခြားရေးဝန်ကြီး John J. Sullivan က ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ဒီနေ့ကြေညာလိုက်ပါတယ်။
2018-04-24
တရုတ်နိုင်ငံမှာ ဆင်သားရေ ဈေးကောင်းပေးဝယ်နေတဲ့အတွက်ကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံက ဆင်တွေအတွက် စိုးရိမ်စရာဖြစ်နေပြီလို့ တောရိုင်းတိရစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ တစ်ဖွဲ့က ဒီနေ့ သတိပေးလိုက်ပါတယ်။
2018-04-24
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ နေဝင်ချိန်ရှုခင်းတွေကြည့်ဖို့ တည်ဆောက်နေတဲ့ နေရာ အသစ်တွေ ဆောက်လုပ်မှုကို ရပ်ဆိုင်းထားဖို့ ရှေးဟောင်းသုတေသနဦးစီးဌာနက ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီနဲ့ ညှိနှိုင်းထားပါတယ်။