သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-17
မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်း တစ်ခုပဲ ထားရှိရမယ်ဆိုတဲ့ ၁၉၆၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမား ဥပဒေဟောင်းကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ကနေ တရားဝင် ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
2011-10-17
ပြီးခဲ့တဲ့ ၅ ရက်ကမှ မြစ်ကြီးနား အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ဟာသပညာရှင် ဦးသူရ ခေါ် (ကို)ဇာဂနာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေအိမ်မှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။
2011-10-17
အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အကြို ဂုဏ်ပြုပွဲကို BG သွေးကူညီရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမှာ ရှိတဲ့ မြင်းခြံ ပိဋကတ်သုံးပုံ နိကာယ် ပရိယတ္တိ စာသင်တိုက်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
2011-10-17
စင်္ကာပူနိုင်ငံက မြန်မာ သံရုံးကို အခွန်ပေးဆောင်ရာမှာ ကြားခံဆောင်ရွက်ပေးသူ ကိုယ်စားလှယ် ထားတဲ့ စနစ် မရှိသင့်တော့ဘူးလို့ စင်္ကာပူရောက် မြန်မာ နိုင်ငံသားတွေက ပြောဆိုကြပါတယ်။
2011-10-16
မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံ နိုင်ငံရပ်ခြား အကူအညီ ODA ကို ပြန်လည် ပေးတော့မှာ ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Genba က တရားဝင် ကြေညာဖို့ ပြင်ဆင်နေပါတယ်။
2011-10-16
အစိုးရသစ်က အောက်တိုဘာလ (၁၁) ရက်နေ့စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကိုလှည့်စားတာ ဖြစ်ပြီး အလုပ်သမား အခွင့်အရေးတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက အာအက်ဖ်အေကို မနေ့က ပြောဆိုလိုက်ပါတယ်။
2011-10-16
ဦးအောင်ဆန်းဦးနဲ့ မော်နီတာ သတင်း ဂျာနယ် တာဝန်ရှိသူ ၂ ဦး အပေါ် ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုထားတဲ့ အမှုကို လက်ခံသင့် မခံသင့် လာမယ့် သီတင်းပတ်အတွင်း တရားရုံးမှာ စတင်ကြားနာမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2011-10-16
EU ဥရောပသမဂ္ဂ နိုင်ငံအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုတ်သိမ်းပေးဖို့ မေတ္တာရပ်ခံစာကို ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၁ဝ ပါတီအဖွဲ့က ဒီကနေ့ ဥရောပသမဂ္ဂကို ပေးပို့လိုက်ပါတယ်။
2011-10-15
အစိုးရက လွှတ်ပေးဖို့ ကျန်နေသေးတဲ့ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် ညီနောင် တိုင်းရင်းသား ၅ ပါတီက လာမယ့်ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းသွား မယ်လို့ သိရပါတယ်။
2011-10-15
မြန်မာအစိုးရအနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်ပါတယ်။
2011-10-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဆွေးနွေးမှုကို ကြိုဆိုထောက်ခံကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူလက်ခံမှာဖြစ် ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
2011-10-14
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လက်ရှိ အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးရဲ့ ဘဝဖြတ်သန်းမှု တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း RFA ကတင်ပြနေတဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ်မှာ ရခိုင်ပြည်နယ်ကို သူပြောင်းရွှေ့ရောက်ရှိသွားခဲ့စဉ်က အတွေ့အကြုံတွေကို အောက်တိုဘာ ၃ ရက်နေ့က တင်ပြခဲ့ရာမှာ ပြောကြားချက်တချို့ကို (BRANA) ခေါ် မြောက်အမေရိကဆိုင်ရာ မြန်မာရိုဟင်ဂျာ အစည်းအရုံးက ကန့်ကွက်ခဲ့ပါတယ်။
2011-10-14
အလုပ်သမားတွေ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ သပိတ်မှောက်ခွင့်ပါတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စု သမ္မတ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အောက်တိုဘာ ၁၁ ရက်နေ့က ပြဌာန်းလိုက်ပါတယ်။
2011-10-14
အောက်တာဘာလ ၁၂ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB အဖွဲ့ဝင်တွေ ပါဝင်တဲ့ အတွက် ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သလို လွတ်မြောက်လာခြင်း မရှိသေးတဲ့ အဖွဲ့ဝင်၁၈ဦးကိုလည်း ပြန်လွှတ်ပေးဖို့ FTUB ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။
2011-10-14
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးခဲ့တာကို ကြိုဆိုလိုက်ပြီး အကျဉ်းထောင်တွေထဲမှာ ကျန်နေဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကိုပါ အမြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။