သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-25
မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တို့ဟာ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှာ ဒီကနေ့ ဆွေးနွေးကြ ပါတယ်။
2016-10-24
လာမယ့်၂၀၂၅ ခုနှစ်ကစပြီး ရန်ကုန်မြို့ ရဲ့ ရေပေးဝေရေးမှာ မြေအောက်ရေ သုံးစွဲမှု ရပ်ဆိုင်းမယ်လို့ ရန်ကုန်စည်ပင် သာယာရေးဌာနက ပြောပါတယ်။
2016-10-24
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေကို ဒီနေ့ စတင် ဖွင့်လှစ်ပေမယ့် လုံခြုံရေးအခြေအနေအရ မြို့နယ်အားလုံးက ကျောင်းတွေကို ဖွင့်လှစ်နိုင်ခြင်းမရှိသေး ဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2016-10-24
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ပါတီဗဟိုက ဖွဲ့စည်း ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီကနေ့မှာ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ခေါ်ယူစစ်ဆေး ခဲ့ပါတယ်။
2016-10-24
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ တဲ့ နိုင်ငံရေးပါတီတွေ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပါဝင်ခွင့် မရရှိခဲ့တဲ့အတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ နိုင်ငံရေးပါတီတချို့က ဒီနေ့ တင်ပြခဲ့ကြပါတယ်။
2016-10-24
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လက်ရှိအချိန်ထိ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေ သတွေနဲ့ နီးကပ်နေတဲ့အတွက် အနီရောင်အဆင့်သတ်မှတ် ထားကြောင်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထပ်မံ သတိပေးထားပါတယ်။
2016-10-24
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ မော်လ မြိုင်ကျွန်းနဲ့ ဟိုင်းကြီးကျွန်းမြို့တွေက လူဦးရေ တစ်သောင်းကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က Cyclone Shelter လို့ခေါ်တဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေနဲ့ ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေ မှာ ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။
2016-10-24
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က လယ်ယာမြေ သိမ်းဆည်းခံရတာတွေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က လယ်သမားအရေး ကူညီသူ ၂ ဦးကို ဖမ်းဆီးသွားပြီး ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2016-10-23
မုန်တိုင်းတိုက်ခိုက်ပြီး ဒီရေတက်လာနိုင် တယ်ဆိုတဲ့ မိုးလေဝသသတိပေး ချက်တွေကြောင့် ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့ပေါ် ကို တိမ်းရှောင်လာသူ ၅၀၀ ကျော်ရှိနေပါတယ်။
2016-10-23
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း ငယ်ဟာ နောက် ၁၂ နာရီ အတွင်း မြစ်ဝကျွန်းပေါ်ဒေသအနီးကို ဦးတည်ရွေ့ လျားနိုင်ကြောင်းနဲ့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ် လိုက်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။
2016-10-22
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ နယ်လှည့်ဆရာဝန် ၁၃ ဦးက ဒီနေ့ကစပြီး ဒုက္ခသည်တွေကို အခမဲ့ဆေးကုသပေးနေ ပါတယ်။
2016-10-22
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက်နှစ်ရက်အတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။
2016-10-22
ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းကနေ မုံရွာ သွားတဲ့ အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုဟာ ရေကြောင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်း တာကြောင့် ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်း က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2016-10-22
အစိုးရရဲ့ ပထမ ၆ လတာကာလ အတွင်း မျှော်မှန်း ထားသလောက် စီးပွားရေးတိုးတက်မှုမရှိခဲ့ကြောင်း နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-10-22
မလေးရှားနိုင်ငံ ဂျလန် ပန်ကက် Jalan Puncak ဒေသက အုတ်ဖုတ်စက်ရုံတခု မှာ မြန်မာ အလုပ်သမားတဦး မနေ့က အမှုန့်ကြိတ်စက်ထဲကျလို့ သေဆုံးသွားပါတယ်။