သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-22
တိုက်ပွဲတွေရပ်ဆိုင်းပြီး ပြည်ထောင်စု တဝှမ်းလုံးငြိမ်းချမ်းဖို့ ကချင်ပြည်နယ် မြစ် ကြီးနားမြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီကနေ့ စုပေါင်းဆန္ဒပြပြီး တောင်းဆိုကြပါတယ်။
2016-10-22
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ က မောင်တောဒေသကို လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ခွင့်ပြုဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေ ပါတယ်။
2016-10-22
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာမှာရှိတဲ့ တီကျစ် ကျောက်မီးသွေးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံကို အကြီးစားပြန် လည်ပြင်ဆင်နေရာ က ပြန်လည်ပတ်နိုင်ဖို့ မနေ့မနက်က စမ်းသပ်လည်ပတ် ပါတယ်။
2016-10-22
ဟုမ္မလင်းက မုံရွာသွားတဲ့ အောင်စိုး မိုးကျော်ရေယာဉ် ချင်းတွင်းမြစ်အတွင်း နစ်မြုပ်မှုကြောင့် သေဆုံးသူ ၇၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိပြီလို့ အစိုးရက သော ကြာနေ့မှာ အတည်ပြုပြောဆိုကြောင်း သိရပါတယ်။
2016-10-21
သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဇုန် B စီမံကိန်းကို မြေယာပြဿနာဖြေရှင်း ပြီး တဲ့ မြေနေရာတွေမှာပဲ အကောင်အ ထည်ဖော်မယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆက်အောင်က ပြောပါတယ်။
2016-10-21
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ပေးဖို့အတွက် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ နဲ့ ကချင်ပြည်နယ် မိုးမောက်မြို့တွေမှာ ဒေသခံတွေနဲ့ လူမှု အဖွဲ့အစည်းတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2016-10-21
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံထဲကို လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဝင်ရောက်နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်း နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူတွေ သတိပြု ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော ပါတယ်။
2016-10-21
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာမှာ အခုလ ၁၇ ရက်နေ့ကစပြီး လူ ၅၀ ကျော် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
2016-10-21
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ပေးဖို့အတွက် ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နဲ့ ကချင်ပြည်နယ် မိုးမောက်မြို့တွေမှာ ဒေသခံတွေနဲ့ လူမှု အဖွဲ့အစည်းတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြ ပါတယ်။
2016-10-20
ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းဖေဟာ မရမ်းကုန်း မြို့နယ် နေအိမ်မှာ မနေ့မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။
2016-10-20
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးနိုင်ရေးအတွက် ကန့်သတ်ထားတာတွေ ချက်ချင်းရုပ်သိမ်းပေးဖို့ မြန်မာ အစိုးရကို AI- နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။
2016-10-20
ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည် ၁ဝဝဝ ကျော်ကို စစ်တွေ မြို့ ဘောလုံးကွင်းရပ်ကွက် ဓညဝတီ အားကစားကွင်းမှာ ရွက်ဖျင်တဲတွေနဲ့ ဒီနေ့ကစတင်ပြီး အစိုးရက နေရာချထားပေးနေ ပါတယ်။
2016-10-20
အိမ်အကူမိန်းကလေးငယ်၂ ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင် ၆ ဦးအမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားလိုသက်သေ အဖြစ် အင်းဝအပ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့ မတင်တင်ခိုင် ကို စစ်ဆေးခဲ့ပါတယ်။
2016-10-20
စစ်ကိုင်းတိုင်း ကနီမြို့နယ် မိချောင်း တွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တဲ့ အောင် စိုးမိုးကျော် ရေယာဉ်ကို ဒီနေ့မှာ အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး နစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေ ၇၂ ဦး ရှိလာပါတယ်။
2016-10-20
ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက်ကာကွယ်ဖို့ အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။