သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန် မြို့ ပြည်သူ့ရင်ပြင်မှာ ဟောပြောမှာ ဖြစ်ပါတယ်။
2015-10-26
လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထားတွေ ကို စုစည်းနိုင်ဖို့အတွက် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်း (ပန်ခမ်း)မြို့ မှာ ဆွေးနွေးပွဲ ကျင်းပသွားမယ်လို့ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီက ပြောပါတယ်။
2015-10-25
အမျိုးဘာသာ သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တွေက မျိုးစောင့် ဥပဒေတွေကို အတည်ပြုပြဌာန်းနိုင်တဲ့ အထိမ်းအမှတ်နဲ့ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့က ဆရာတော်ဦးဥတ္တမပန်းခြံမှာ မနေ့က ထောက်ခံကြိုဆိုပွဲ ကျင်းပကြပါတယ်။
2015-10-25
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းအတွင်း မဲဆွယ်စည်းရုံးခွင့် တားမြစ်ထားတဲ့ နယ်မြေတွေဟာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ကန့်သတ် တာဖြစ်ကြောင်း မြို့နယ်ကော်မရှင်က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေထံ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
2015-10-25
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA ကိုးကန့်နဲ့ အစိုးရ တပ်တွေအကြား မနေ့က တရုတ်မြန်မာ နယ်စပ်မှာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2015-10-25
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှုးမြို့အနီးမှာ အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ် မတော်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးတွေပါ ရွာအနီးအနားထိ ကျရောက်နေတဲ့အတွက် ဒေသခံစစ်ဘေးဒုက္ခသည် တစ်ရာကျော် မနေ့က မိုင်းရှုးမြို့ပေါ်ကို ထွက်ပြေးလာ ခဲ့ကြပါတယ်။
2015-10-25
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြီး မဲဆွယ်စည်းရုံးခဲ့တာတွေရှိနေတာကြောင့် ရခိုင်အမျိုးသား ပါတီက မြို့နယ်ကော်မရှင်ထံ တိုင်ကြားထားပါတယ်။
2015-10-25
လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသား ပါတီ ANP ဟာ ရခိုင်ပြည်နယ်မှာ အစိုးရ ဖွဲ့နိုင်တဲ့အထိ ကြိုးစားသွားမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နေ ရာအတွက် ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို လျာထားကြောင်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2015-10-25
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ က သမ္မတလောင်းအဖြစ် ပါတီဥက္ကဌဖြစ်တဲ့ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လျာထားကြောင်း ပြောဆိုနေတာဟာ တစ်ဦးတစ်ယောက် ရဲ့ ပြောဆိုမှုတွေသာဖြစ်ကြောင်းနဲ့ သဘာဝ မကျကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ပြောပါတယ်။
2015-10-25
ပြည်သူတွေအနေနဲ့ "သိုးနေတဲ့ ထမင်းကို အိုးအသစ် ထဲ မထည့်ကြဖို့" ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ပါတယ်။
2015-10-24
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်နဲ့ ဗာဂျင်းနိယား၊ မေရိလန်း စတဲ့ ပြည်နယ်တွေမှာ ရောက်ရှိနေကြတဲ့ ဇိုမီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ခွါဒို ကောက်သစ်စား ပွဲတော်ကို ဘော်လ်တီမောမြို့စိန့်စတီဗင် ဘုရားကျောင်းမှာ စနေနေ့ညက စတင် ကျင်းပပါတယ်။
2015-10-24
တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့အတွက် အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုကြတာဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒုတိယ ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
2015-10-24
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ်မှာရှိတဲ့ တပ်မိသားစုဝင်တွေကို မဲဆွယ်စည်းရုံးခွင့်ပေးဖို့အတွက် နေပြည်တော်တိုင်းစစ်ဌာန ချုပ်ထံ တင်ပြထားတယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်က ပြော ပါတယ်။
2015-10-24
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ စတစ်ကာတွေကို ပဲခူးတိုင်းဒေသကြီး ၊ ပေါင်းတည်မြို့မှာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ အဖွဲ့က ဒီနေ့ လိုက်လံဖြန့်ဝေပါတယ်။
2015-10-24
နိုင်ငံတော်ဖံ့ွဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ပြောပါတယ်။