သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-26
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးမပါဝင်တဲ့ ၂၁ ပင်လုံညီလာခံဟာ ပြီးပြည့်စုံမှာ မဟုတ်သလို အားလုံးမပါတဲ့အတွက် တိုင်းပြည်လည်း ဒီထက်ပိုနစ်နာဖို့ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
2017-10-26
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု အထိုက်အလျောက် ရရှိလာပြီဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းအချို့ကို စစ်တွေမြို့ကိုပြောင်းရွှေ့ပြီး အရန်အဖြစ်အသင့်စုဖွဲ့ထားရှိသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့ကထုတ်ပြန်ပါတယ်။
2017-10-25
လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ Rakhine Development Foundation ရဲ့ ဥက္ကဌ ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်တွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်လိုက် ပါတယ်။
2017-10-25
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းက သီတဂူဗုဒ္ဓတက္ကသိုလ်မှာ လက်နက်တွေ ဖမ်းမိတယ်ဆိုပြီး ဖေ့ဘွတ်မှာ သတင်းမှားတွေ ဖော်ပြခဲ့တဲ့ အကောင့်ပိုင်ရှင် ၅ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
2017-10-25
ရခိုင့်တပ်မတော် AA အဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၉ ဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-10-25
လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ လူမျိုးရေး ဘာသာရေး လှုံံ့ဆော်မှုတွေ၊ သတင်းမှားဖြန့်ဝေမှုတွေ များလာတဲ့အတွက် စောင့်ကြည့်ထိန်းသိမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-10-25
ရခိုင်ပြည်နယ် မောင်တောဒေသက ဒုက္ခသည်တွေအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခု ရန်ပုံငွေနဲ့ နေအိမ်အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
2017-10-25
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွေကို ၂၀၁၈ ခုနှစ်မှာ ပြုလုပ်သွားမယ်လို့ စာရေးဆရာ ဦးထင်လင်းဦးက ပြောပါတယ်။
2017-10-24
ရခိုင်ပြည်နယ်အရေးကို လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု အကြောင်းပြ ပြီး နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာမှုတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အတွက် အထူးသတိထားစောင့်ကြည့် ကာကွယ် သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-10-24
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြှုပ်နှံပြီး ကူညီဆောင်ရွက်သွားမယ်လို့ အသင်းချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။
2017-10-24
အောက်တိုဘာလ ၂၂ ရက်နေ့က စက်ရုံတစ်ရုံလုံးနီးပါး မီးလောင်ကျွမ်းခဲ့တဲ့ ထိုင်းနိုင်ငံ၊ နခွန်ပထုန်မြို့နယ်က လို့စ်တက်စ် ဆိုဖာစက်ရုံက မြန်မာအလုပ်သမား တစ်ထောင်နီပါးကို အလုပ်ပြန်ခန့်ပေးနိုင်ဖို့ စက်ရုံဘက်က တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2017-10-24
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေ ပြန်လည်စိစစ်လက်ခံရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ကဏ္ဍဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2017-10-24
တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့က ကမ္ဘောဇ မီနီဘဏ် (၁)မှာ ကျပ်သိန်း ၂၇၀ ကျော်ကို လက်နက်ကိုင်ဆောင်ထားသူတစ်ဦးက ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
2017-10-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံလိုက်ရတဲ့ မြေယာတွေအတွက် အစားထိုးမြေဧက ၁၉၀၀ ကိုပြန်ပေးဖို့ မြေနေရာရှာဖွေပေးမှာဖြစ်ကြောင်း ဦးပိုင်ကုမ္ပဏီဘက်က ဒီကနေ့ ပြောကြားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-10-24
ပုပ္ပါးတောင်ကလပ်ရဲ့ ပြောင်းလဲမှု အခြေအနေတွေကို လေ့လာဖို့အတွက် ပုပ္ပါးတောင်ကာကွယ်ရေး အဖွဲ့ကို မန္တလေးတိုင်းဝန်ကြီးချုပ်က ဖွဲ့စည်းဖို့ ညွှန်ကြားလိုက်တယ်လို့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။