သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-09
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတွေကို ခရီးမသွားကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာရောက်နေတဲ့ သူ့နိုင်ငံသားတွေကို နိုဝင်ဘာလ ၉ ရက်နေ့ သတိပေးလိုက်ပါတယ်။
2023-11-09
ချင်းရွှေဟော်နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွေမှာ ကုန်သွယ်မှု ရပ်နားထားရတဲ့အတွက် ပို့ကုန်၊ သွင်းကုန် လိုင်စင်ရထားတဲ့ ကုန်ပစ္စည်းတွေကို ဘယ်ကုန်သွယ်ရေးစခန်းကနေမဆို တရုတ်နိုင်ငံကို တင်ပို့ခွင့်ပြုသွားပါမယ်။
2023-11-09
မြိုတိုင်းရင်းသားပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသစ်ပြဌာန်းထားတဲ့ သတ်မှတ်ချက်ကို ပြည့်မီအောင် လုပ်ဆောင်ဖို့ခက်ခဲတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2023-11-09
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အပြည်ပြည်ဆိုင်ရာမှာ တရားမျှတမှုရရှိစေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာ၀န်ရှိပေမယ့် ရိုဟင်ဂျာတွေအတွက် ရရှိသင့်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်။
2023-11-09
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) ပူပေါင်းတပ်စခန်း သုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) \နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2023-11-09
မြင်းခြံမြို့နယ် ပြားရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့မှုမှာ သုံးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ခြောက်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
2023-11-09
တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ လောက်ကိုင်မြို့မှာ ဆန်ပြတ်လပ်မှုကြုံနေရတယ်လို့ လောက်ကိုင်ဒေသခံအချို့က RFA ကို ပြောပါတယ်။
2023-11-09
လားရှိုးမြို့နယ် ကောင်းကံရွာမှာ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
2023-11-09
ယင်းမာပင်မြို့နယ်ထဲက လက်တောင်းငယ်ရွာဟာ နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-09
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရခိုင်ပြည်နယ်မှာပါ စတင်နေတဲ့ အခြေအနေဖြစ်နေပါတယ်။
2023-11-08
လောက်ကိုင်မြို့က ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့ မလေးရှားနိုင်ငံသား ၂၆ ဦးကို ရှာဖွေပြီး ကယ်တင်ဖို့ ကြိုးစားနေတယ်လို့ မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
2023-11-08
မြောက်ဦးမြို့ပေါ် မှာ အရပ်၀တ် ၀တ်ပြီး မော်တော်ကားနဲ့ သွားလာနေတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တချို့ကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၇ ရက်မှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-11-08
တရုတ် - မြန်မာ နယ်စပ်အနီးက မုံးကိုးမြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီလို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝမ်က ပြောပါတယ်။
2023-11-08
ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းမောဝ်အွန်ကို ပြန်လွှတ်ပေးဖို့ SSPP မြို့နယ်မှူး အပါအဝင် တပ်သားခုနစ်ဦး TNLA နဲ့ သွားရောက်ညှိနှိုင်းပေမယ့် အဆင်မပြေဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။
2023-11-08
အရန်ဆန်ပေးသွင်းမှုကို နိုဝင်ဘာအတွင်း စတင်မှာဖြစ်ပြီး ပို့ကုန်လိုင်စင်လျှောက်ထားတဲ့ ပြည်ပပို့မယ့် ဆန်တန်ချိန်အပေါ် သုံးတန်ကို တစ်အိတ်နှုန်းနဲ့ တွက်ချက်ပြီး ပေးသွင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။