သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-26
မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့တို့ဟာ ဒီကနေ့ အင်ဒိုးနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
2011-09-26
ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လာရောက် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
2011-09-26
ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်း မြန်မာနယ်စပ် မဲဆောက်နဲ့ အုန်းပျန့် ဒုက္ခသည်စခန်းမှာ ကျင်းပခဲ့ပါတယ်။
2011-09-26
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် ကုသိုလ်ပြုပွဲနဲ့ ချီတက်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2011-09-25
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က စတင် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း တစ်သိန်းကျော် ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
2011-09-25
မနေ့ညဦးပိုင်းက တရုပ် မြန်မာနယ်စပ် အနီးရှိ နံဖတ်ကာမြို့ အခြေစိုက် မြန်မာ အစိုးရတပ် ခလရ (၁၂၃) ကို KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်တယ်လို့ သိရပါတယ်။
2011-09-25
လာမယ့် စက်တင်ဘာလ (၂၇) ရက်နေ့မှာ ကျရောက်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခြင်း (၂၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို မြန်မာပြည် တလွှားမှာရှိတဲ့ ပါတီရုံးတွေမှာ ခမ်းခမ်းနားနား ကျင်းပသွားမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
2011-09-25
သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရ အဖြစ် လူထုက ယုံကြည် လက်ခံစေချင်တယ်ဆိုရင် ဖမ်းဆီးထားတဲ့ သံဃာတော်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဦးစွာ လွှတ်ပေးဖို့ လိုအပ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အခါသမယမှာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။
2011-09-25
ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ KIO တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်က ထိုးစစ် စတင်လာတဲ့ အတွက် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နယ်က ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
2011-09-25
မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
2011-09-25
“လယ်ယာမြေ ဥပဒေမူကြမ်း ၂ဝ၁၁” ကို နေပြည်တော်မှာ ကျင်းပ ပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အတည်ပြု ပေးလိုက်ပြီလို့ လွှတ်တော်အစည်းအဝေး လေ့လာနေသူတဦးက အာအက်ဖ်အေကို ပြောပါတယ်။
2011-09-24
အမေရိကန် ပြည်ထောင်စု၊ ဝစ်ကွန်ဆင်ပြည်နယ် မီလ်ဝေါ့ကီးမြို့ (Milwaukee) ရောက် မြန်မာဒုက္ခသည် တွေက တဆင့် ဝက်သက်ရောဂါ ကူးစက်ခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် မလေးရှားကနေ အမေရိကန် ပြည်ထောင်စုကို ဒုက္ခသည်တွေ လာရောက်မယ့် ကိစ္စကို ဆိုင်းငံ့ထားကြောင်း အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
2011-09-24
ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အစိုးရတပ်ဘက်က ထိုးစစ်ကြီး စတင်ပြီ ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။
2011-09-24
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပြုလုပ်မယ့် အကြောင်း သမ္မတဦးသိန်းစိန်က ကတိပြုထားပေမယ့် နှောင့်ယှက် ဟန့်တားမှုတွေနဲ့ ရင်ဆိုင်ရနိုင် ကြောင်း ICG ခေါ် “နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့” က ပြောဆိုလိုက်ပါတယ်။
2011-09-24
ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ ပညာရှင် အများစုက သမ္မတဦးသိန်းစိန် အစိုးရကို တင်ပြကြမယ်လို့ သိရပါတယ်။