သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-18
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂန္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။
2010-12-18
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချွတ်ယွင်းချက် အားနည်းချက်တွေ အများအပြား ရှိနေပေမယ့် ရွေးကောက်ပွဲ ကျင်းပတာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာတွေ ဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
2010-12-18
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ အဖွဲ့ဝင် ၁၃ ဦးအထိ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2010-12-18
မြန်မာနိုင်ငံမှာ ညူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သံသယဖြစ်စရာ နေရာတွေကို လာရောက်စစ်ဆေးခွင့် ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက မကြာသေးခင် လပိုင်းတွေအ တွင်း စစ်အစိုးရကို စာရေးသား တောင်းဆိုထားကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ Wall Street Journal သတင်းစာက ရေးသားလိုက်ပါတယ်။
2010-12-18
အင်တာနက်ဆိုင်တွေကနေ မြန်မာစစ် အစိုးရပိုင် MPT အင်တာနက်ဆာဗာကို တိုက်ခိုက်နေတယ်ဆိုပြီး ရန်ကုန်မြို့က အင်တာနက်ကဖေး တချို့ကို အာဏာ ပိုင်တွေက ယာယီ ပိတ်လိုက်တယ်လို့ သိရပါတယ်။
2010-12-18
အမေရိကန် သမ္မဟောင်း George W Bush ရဲ့ ဇနီး Mrs. Laura Bush ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သိရပါတယ်။
2010-12-18
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်ပိုင်းကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားထိုး ပြင်ဆင်ဖွဲ့စည်းဖို့ အစီအစဉ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2010-12-17
`လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`မေးဖြေခန်း ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်မှာတော့ ကိုမောင်ကျော် (ကနေဒါ)၊ ကိုရွှေသွေး (နော်ဝေ)၊ ကိုမျိုးသိန်း (ဗြိတိန်)၊ Ms. Janelle Saffin (သြစတြေလျား)၊ ဒေါက်တာ တင်မိုးသူ (အမေရိကန်)၊ ကိုမျိုးမင်းအောင် (ထိုင်းမြန်မာနယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2010-12-17
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ အဖွဲ့ဝင် ၁၄ ဦးထဲက တနင်္သာရီတိုင်း ကော့သောင်းအကျဉ်းထောင်မှာ ရောက်ရှိနေတဲ့ တွံတေးမြို့နယ် စည်း အဖွဲ့ဝင် ဦးချစ်ခင်လည်း ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်မှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
2010-12-17
အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် မှာ ရာဇဝတ်မှု လျော့ပါးရေးအတွက် အဲဒီ ပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာပြည်သား ဦးရေ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ သိရပါတယ်။
2010-12-17
အကျဉ်းထောင်အသီးသီးကနေ ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထောင်ဒဏ်စေ့ပြီးလွတ်လာ တဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆ ယောက် ရှိတယ်လို့ကြားသိရပါတယ်။ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့သူတွေကတော့ ကိုဟန်ဝင်းအောင်၊ ကိုလွင်ကိုလတ်၊ ကိုကျော်ကျော် စတဲ့ ကျောင်းသား နိုင်ငံရေးအကျဉ်းသားတွေပါ။
2010-12-17
စင်ကာပူနိုင်ငံ အမေရိကန်သံရုံးက သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းမှာ အရှေ့တောင် အာရှ နိုင်ငံ များအဖွဲ့ အာဆီယံ အနေနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို အဖွဲ့ဝင် တွေအဖြစ် ဝင်ခွင့်မပေးခဲ့သင့်ဘူးလို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောကြားခဲ့ကြောင်း WikiLeaks အင်တာနက်သတင်းက ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဒဟူးနေ့က ဖော်ပြပါတယ်။
2010-12-17
အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး လျှို့ဝှက် ကြေးနန်း မှတ်တမ်းတွေကို WikiLeaks အင်တာနက် အဖွဲ့က ပေါက်ကြားဖော်ပြနေရာမှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ အမေရိကန် နိုင်ငံခြားရေးဌာနကို ပေးပို့တဲ့ ကြေးနန်းစာတစောင် ဒီဇင်ဘာ ၁၆ ရက် မနေ့က ထွက်ပေါ်လာပြန်ပါတယ်။
2010-12-17
အိုင်ယာလန်နိုင်ငံ Galway မြို့တော်ကောင်စီက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြားလိုက် ပါတယ်။ Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။
2010-12-16
ရန်ကုန် ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးကို နောက်ထပ် ဈေးသစ်နေရာကို ရက်တိုအတွင်း အပြီးရွှေ့ပြောင်း ခိုင်းနေတဲ့အတွက် ဈေးသူဈေးသားတွေ အတော်ကလေး အခက်အခဲ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။