သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-08
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၂ နာရီက ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက ပင်လုံအိမ်ရာဝင်းက နှစ်ထပ်တိုက်တစ်လုံးမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
2021-11-08
နိုဝင်ဘာ ၇ ရက် မနေ့က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ကျွန်းလှ စတဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နှိမ်နင်းခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PDF တပ်ဖွဲ့ဝင် တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2021-11-08
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရှမ်းပြည်ပြန်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၇ ရက် မနေ့ကစပြီး သီပေါမြို့ကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
2021-11-08
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်မှာရှိတဲ့ ဆည်မြောင်းရုံးကို နိုဝင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့ လေးဖွဲ့ပေါင်းပြီး တိုက်ခိုက် ခဲ့တယ်လို့ Monywa Night King အဖွဲ့က ထုတ်ပြန် ပါတယ်။
2021-11-08
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ပန်ချီထွန်းထွန်းဟာ ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ မနက်က သေနတ်နဲ့ ပစ်ခတ်ခံ ခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-08
၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီက တိုင်းပြည်အာဏာကို ပြည်သူ့လက် ပြန်အပ်ဖို့ လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ တစ်နှစ်ပြည့်နေ့မှာ ကတိပေးလိုက် ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စစ်တပ်ဘက်က ဖိနှိပ်ချိုးဖောက်မှုတွေကို ရပ်တန့်ပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး လုပ်ဆောင်လာဖို့ အမေရိကန်က ကြိုးပမ်းသွားမယ့်အကြောင်း ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-11-07
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၉၇ ယောက်ကို ထိုင်းမြန်မာ နယ်စပ် Kanchanaburi ဒေသ Sai Yok ခရိုင်အတွင်း မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-07
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အကျိုးရှိတဲ့ ပြောဆိုမှုတွေလုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံကို လာခဲ့တဲ့ အမေရိကန် သံအမတ်ဟောင်း Bill Richardson က ပြောတဲ့အကြောင်း New York Times သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-11-07
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရပ်သားတွေကို လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာကို တွေ့ရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က သောကြာနေ့တုန်းက ပြောဆိုလိုက်တဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-07
အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အဖမ်း ခံခဲ့ရတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကျော်မင်းယု ခေါ် ကိုဂျင်မီကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မြန်မာ့ရုပ်မြင်သံကြားမှာ မနေ့ညက ထုတ်လွှင့်ခဲ့ပါတယ်။
2021-11-07
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က ရွာတွေကို ဝင်ရောက်စီးနင်းတဲ့အပြင် လေကြောင်းကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်နေ တာကြောင့် ရွာပေါင်း ၂၀ လောက် ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ပြောကြပါတယ်။
2021-11-07
ရန်ကုန် တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက် သုံးခုမှာ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-07
ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူနဲ့ မိခင် ဖြစ်သူတို့ကို စစ်ကောင်စီက ဒီတစ်ပတ်အတွင်းမှာ ဖမ်းဆီးသွားတယ်လို့ ရန်ကုန် ပညာရေး တက္ကသိုလ်ကျောင်းသား သမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
2021-11-07
၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်ရငွေ ရှင်းလင်းဖို့ကျန်နေတဲ့ ကုမ္ပဏီတွေထဲမှာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ ၅ ခုပါဝင်နေပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၁၀၉ သန်းကျော် ရှင်းလင်းဖို့ ကျန်ရှိနေတာကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။
2021-11-07
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စုက နိုဝင်ဘာ ၇ ရက် ဒီကနေ့ မနက်က လက်ဖက်ရည်ဆိုင်ထဲကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဘုန်းကြီး တစ်ပါးနဲ့ ကလေးငယ် တစ်ဦး အပါအဝင် စုစုပေါင်း ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။