သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-09
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်တဲ့သူအားလုံးကိုလည်း စစ်ဆေးခဲ့ရာမှာ ပိုးမတွေ့ဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2020-09-09
ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ ၂ဝ၁၇ ခုနှစ်က တပ်မတော် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်အတွင်း ရိုဟင်ဂျာမွတ်စလင် အရပ်သား အမြောက်အမြားကို အထက်အမိန့်အရ သတ်ခဲ့တယ်လို့ ပြောဆိုထားတဲ့ တပ်မတော်သား နှစ်ဦးကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) မှာ ထိန်းသိမ်းထားတဲ့ အခြေအနေကို သုံးသပ်ဖို့ စောသေးတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2020-09-09
ရခိုင်ပြည်နယ်ကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက် နောက်ပိုင်း ရောက်လာသူတွေ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ရာ ကျန်းမာရေးဌာနတွေကို မဆက်သွယ်ရင် ဘဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
2020-09-09
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးစိုးထက် လိုက်ပါလာတဲ့ စက်လှေကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။
2020-09-09
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားသုံးဦး ဖမ်းဆီးခံရလိုက်ရပါတယ်။
2020-09-08
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရဖို့ ရည်မှန်း ထားကြောင်းနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပြောပါတယ်။
2020-09-08
စက်တင်ဘာလ ၉ ရက်နေ့ မနက် အစိုးရရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ မြန်မာနိုင်ငံအတွင်း သေဆုံးသူဟာ ၁၂ ဦးအထိ ရှိလာပြီး သေဆုံးသူ လူနာအသစ် နှစ်ဦး ထပ်မံတိုးလာပါတယ်။
2020-09-08
မွန်ပြည်နယ်၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်တိုင်း၊ဖောင်ကြီး ဗိုင်းရပ်စ်ကုသရေးဌာနမှာ ဆေးကုသနေတဲ့ အသက် (၈၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးသွားတာပါ။
2020-09-08
၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း ရိုဟင်ဂျာမွတ်ဆလင် အရပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သားနှစ်ဦးကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ထိန်းသိမ်းထားတယ်လို့ နယူးယောက်တိုင်း သတင်းစာက ဒီနေ့ အတည်ပြု ရေးသားလိုက်ပါတယ်။
2020-09-08
တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်မှာဖွင့်ထားတဲ့ မြန်မာကုန်ဂိတ် လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ အစုရှယ်ယာ တစ်ဝက်ပါဝင်ရေးနဲ့ စပေါ်ငွေ တရုတ်ယွမ် ငါးသိန်း (မြန်မာငွေသိန်းတစ်ထောင်ခန့်) ပေးရမယ့် ကိစ္စတွေကို တရုတ်နိုင်ငံဘက်က ယာယီဆိုင်းငံံံ့လိုက်တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2020-09-08
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး မြို့နယ်ထဲပါဝင်ပြီး ပိုးတွေ့လူနာ ၇၀ နီးပါးရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက် ၁၀ ခုမှာ ကျန်းမာရေးဌာနက ရွေ့လျားမော်တော်ယာဉ်တွေနဲ့လိုက်ပြီး ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ကျန်းမာရေး စစ်တမ်းကောက်ယူနေပါတယ်။
2020-09-08
နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်၊ ကျောက်တံတား မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စသိန်းဇော်မင်း၊ စောစာကွယ်နဲ့ ဒေါ်စိန်ထွေးတို့ကို မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်လိုက်ပါတယ်။
2020-09-08
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ခက်ကန်ကျေးရွာကို စက်တင်ဘာ ၈ ရက်နေ့ ဒီနေ့မနက်က လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားတဲ့ထဲမှာ ငါးနှစ်အရွယ် ကလေး နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။
2020-09-07
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေကို ရက်လျှော့ချလိုက်တဲ့ အပြင် ပိုးကူးစက်ခံရပြီး ဆေးရုံတက်နေရသူတွေကို ကန့်သက်ထားချက်တွေ လျှော့ချတာ အပါအဝင် ကျန်းမာရေးမူဝါဒတွေကို ဒီနေ့ပြင်ဆင်လိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။
2020-09-07
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာရှိတဲ့ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံဟာ ဇူလိုင်လကတည်းက လုပ်ငန်းတချို့ ရပ်နားလိုက်တာကြောင့် အလုပ်သမား ၁၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေပြီး ရပ်နားလိုက်တဲ့အပိုင်းတွေကို ဒီနေ့အချိန်အထိ ပြန်မလည်နိုင်သေးဘူးလို့ သိရပါတယ်။