သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-31
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေအနေနဲ့ ပူးပေါင်းအညံ့ခံဝင်ရောက်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2023-10-31
အခုလိုပိတ်ဆို့အရေးယူတာတွေဟာ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီ လက်နက်အားကိုးနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန်က ဆိုပါတယ်။
2023-10-31
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးငါးရက်အတွင်း စစ်ကောင်စီ တပ်စခန်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
2023-10-31
စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီးပြီလို့ လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-10-31
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာထဲကို အောက်တိုဘာ ၃၀ ရက် ညနေပိုင်းမှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ နမ့်ဖတ်ကာ ဒေသခံတွေက ပြောပါတယ်။
2023-10-31
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနတွေကို စာနဲ့ ထပ်မံ တင်ပြတောင်းဆိုထားပါတယ်။
2023-10-31
ရေဦးမြို့နယ် မစိုးရိမ်ရွာကို စစ်ကောင်စီရဲ့ အမှတ် ၇၁ ခြေလျင်တပ်ရင်းက ရုတ်တရက် ဝင်ရောက်စီးနင်းပြီး လူငါးဦးကို သတ်ဖြတ်ခဲ့သလို ကျေးရွာသား လေးဆယ်ခန့်ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပါတယ်။
2023-10-31
ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၃၁ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ကို ရောက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
2023-10-31
ညောင်လေးပင်ခရိုင်ထဲမှာ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ထပ်တိုးလာပါတယ်။
2023-10-31
၀ိုင်းမော်မှာရှိတဲ့ စစ်တပ်စခန်းကို အောက်တိုဘာ ၃၁ မှာ KIA နဲ့ မဟာမိတ်အဖွဲ့တွေ သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2023-10-31
စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်လုံးက တပ်စွဲထားတဲ့ ထန်တလန်မြို့ကို စစ်ကောင်စီကမထိန်းချုပ်နိုင်သေးဘူးလို့ CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အောက်တိုဘာ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။
2023-10-30
ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်း အိမ်ခြံမြေ စျေးကွက်မှာ မြန်မာနိုင်ငံသားတွေက ဝယ်ယူမှုအများဆုံး တတိယနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံက ဆရာဝန်နဲ့ ပညာတတ်တွေလည်း ထိုင်းမှာ ရောက်ရှိခိုလှုံနေတယ်လို့ ဆိုပါတယ်။
2023-10-30
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး အရပ်သား ခုနစ်ဦးထိခိုက်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
2023-10-30
စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေရောင်းချတာတွေ အပါအဝင် စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ရပ်တန့်စေဖို့ စင်ကာပူအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ စတာတွေ ပါရှိပါတယ်။
2023-10-30
လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမှာအထိုင်ချနေတဲ့ အောင်လံအခြေစိုက် ခလရ ၇၁ ဖြစ်တယ်လို့ People's Defense Comrade အဖွဲ့က ပြောပါတယ်။