သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-03
ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးသွားတယ်ဆိုသူတွေထဲမှာ ၂၀၁၆ ခုနှစ် က ရောက်သွားတဲ့သူတွေကိုပဲ ပြန်ခေါ်ဖို့စဉ်းစားမယ်လို့ မြန်မာကိုယ်စားလှယ်ဘက်က ပြောဆိုတဲ့ အကြောင်း နှစ်နိုင်ငံကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိ တစ်ဦးက AFP သတင်းဌာနကိုပြောပါတယ်။
2017-10-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေထဲမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကဝင်ပြီး စည်းရုံး နေတာရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ သိရှိဖေါ်ထုတ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က ရဲထောက်လှမ်းရေးတွေကို လျှို့ဝှက်တာဝန်ပေးထားတယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။
2017-10-03
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ပိုင်ခွင့်ရယူထားပြီး လုပ်ငန်းအကောင်အထည်မဖော်သေး တဲ့ မြေကွက်တွေကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2017-10-03
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးနဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး တို့ဟာ ပါတီကနေနှုတ်ထွက်ကြောင်း နှုတ်ထွက်စာတွေ အသီးသီးတင် လိုက်ပါတယ်။
2017-10-03
အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာပေတွေ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ပညာရေးဝန်ကြီးဌာနရဲ့ နေ့စားလပေး အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2017-10-02
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ မြန်မာဘက်က အဆိုပြုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2017-10-02
ကချင်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧရိယာတွေပေါ်မှာ လုပ်ပိုင်ခွင့်ရရှိထားပေမယ့် လုပ်ငန်းအကောင်အထည်မဖော်သူတွေအနေနဲ့ လာမယ့် အောက်တိုဘာ ၇ ရက်နေ့ နောက်ဆုံး ထားပြီး လုပ်ပိုင်ခွင့်ပြုမိန့်ကဒ်မူရင်းတွေကို ပြန်လည်အပ်နှံကြဖို့ အစိုးရက ပထမအကြိမ် အကြောင်းကြားလိုက်ပါတယ်။
2017-10-02
အနည်းဆုံးလုပ်ခလစာကို တိုင်းနဲ့ပြည်နယ် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ ကျပ် ၄ဝဝဝ ကနေ ၄၈၀၀ ကြား သတ်မှတ်ဖို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီတွေ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ထားပါတယ်။
2017-10-02
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ အစွန်းရောက် အကြမ်းဖက်သမားတွေဘက်က အကြီးစားဖောက်ခွဲမှုတွေနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ရရှိထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2017-10-02
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ ၇ ဦး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်း က ပြောပါတယ်။
2017-10-02
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီး မိသားစုဝင်တွေ သတ်ဖြတ်ခံ ရတာကြောင့် ခိုကိုးရာမဲ့နေတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ရန်ကုန်မှာ ခေါ်ယူစောင့်ရှောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်က အစိုးရထံတင်ပြသွားမယ်လို့ သိရပါတယ်။
2017-10-02
မြန်မာပြည်အခြေစိုက် နိုင်ငံခြားသံအမတ်ကြီးတွေနဲ့ သံအရာရှိတွေ၊ ကမ္ဘာ့ဘဏ်အပါအဝင် ကုလသမဂ္ဂ ရဲ့ မြန်မာဌာနေ ကိုယ်စားလှယ်တွေ ၅၀ လောက်ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ရဟတ်ယာဉ် သုံးစီးနဲ့ ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။
2017-10-01
အီဂျစ်နိုင်ငံ မြန်မာသံရုံးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ Hassm ခေါ် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။
2017-10-01
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လမ်းကြောင်းအတိုင်း ဆက်သွားနေမယ် ဆိုရင် ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်နေမယ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြီးဆုံးသွားတဲ့ အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်အများစုက အကဲဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2017-10-01
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားတဲ့ ဟိုတယ်၊ ရေနံချက်စက်ရုံ၊ ဆီအုန်းစိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေး စတဲ့လုပ်ငန်း ၄ ခုကို တိုင်းဒေသကြီး အစိုးရက ယာယီရပ်နားခိုင်းထားပါတယ်။