သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-03
စစ်တပ်က အာဏာသိမ်းတော့မယ့်ဆဲဆဲ ရက်ပိုင်းအလိုမှာ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ စစ်အာဏာရှင်တွေ လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ IMF က နိုဝင်ဘာ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
2021-11-03
မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းသံအမတ် Erywon Yusof အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပြု နိုင်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
2021-11-03
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (CDF) တိုက်ပွဲမှာ မင်းတပ် CDF ဘက်က အသက် ၇၃ နှစ်အရွယ် ရဲဘော်ကြီးတစ်ဦး ကျဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
2021-11-03
ကလေးမြို့မှာ တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်နေတာကြောင့် အရပ်သား သုံးဦးထက်မနည်း သေဆုံးပြီး ဒေသခံတွေ လည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2021-11-03
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က မီးရှို့မှုနဲ့ ပတ်သက်လို့ သက်သေ အထောက်အထားရှိရင် ထုတ်ပြဖို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။
2021-11-03
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၁ ရက်နေ့ညကနေ နိုဝင်ဘာလ ၂ ရက်နေ့ည ၈ နာရီအချိန်အထိ တစ်ရက်အတွင်း ကိုဗစ် - ၁၉ အတည်ပြုလူနာ ၁၀၇၄ ဦး ပြန်လည်တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2021-11-03
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် နေအိမ်မှာပဲ နေထိုင်ရေး (Stay at Home) သတ်မှတ်ထားပေမယ့် စည်ကမ်း မလိုက်နာဘဲ သွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေကို နိုဝင်ဘာလ ၃ ရက် ဒီနေ့ကစပြီး ၁၄ ရက် သိမ်းဆည်းအရေး ယူနေပါတယ်။
2021-11-03
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်စာရေးရွာက ရွာသား နှစ်ဦးကို နိုဝင်ဘာလ ၃ ရက် ဒီနေ့ မနက် ၁၁ နာရီချိန်ခန့်မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-03
စဉ့်ကိုင်မြို့နယ်၊ ရွာဘိုရွာက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားတဲ့ ကျောင်းဆရာကို နိုဝင်ဘာလ ၁ ရက်နေ့ညမှာ စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်ရက်မှာပဲ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-11-03
ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဆက်ဆံရေးရုံးအဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၂ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ABSDF နဲ့နီးစပ်သူတွေကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
2021-11-03
ချင်းပြည်နယ် (တောင်ပိုင်း) ၊ မင်းတပ် - မတူပီ - ပလက်၀ ကားလမ်းမကြီး တလျှောက်မှာ နိုဝင်ဘာလ ၂ ရက် မနေ့ကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ ချင်း ကာကွယ်ရေးအဖွဲ့ (CDF ) နဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်နေတာကြောင့် ရွာသုံးရွာလုံး ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-03
ပြည်ပပို့ကုန်ကနေရတဲ့ငွေ ပြန်သွင်းဖို့ကျန်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရငွေကို တစ်လအတွင်း ပြန်မသွင်းရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းတွေအပြင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ပါ အရေးယူမယ်လို့ ဗဟိုဘဏ်က နိုဝင်ဘာလ ၂ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက် ပါတယ်။
2021-11-02
အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂဆိုင်ရာသံအမတ်နဲ့ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အမေရိကန်အစိုးရကိုယ်စား စေလွှတ်တာ မဟုတ်ပေမယ့် သူ့ခရီးစဉ်ကနေ မြန်မာပြည်အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးခွင့်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက RFA ကို နိုဝင်ဘာလ ၂ ရက် မနေ့က အီးမေးလ်ကနေတဆင့် ပြောပါတယ်။
2021-11-02
တနင်္သာရီတိုင်း လောင်းလုံမြို့က ဆန္ဒပြသပိတ်ဦးဆောင်လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကိုဝေယံစိုးရဲ့ နေအိမ်ကို မနေ့ည သန်းခေါင်ယံက စစ်ကောင်စီ တပ်သားတွေ လာရှာပြီး အိမ်မှာလူမရှိတာကြောင့် တစ်အိမ်လုံးကို မီးရှို့ပြာချ သွားတယ်လို့ ကိုဝေယံစိုးက RFA ကိုပြောပါတယ်။
2021-11-02
မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်မှာ စစ်အင်အား ဖြည့်တင်း လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။