သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-28
ကိုးကန့်ဒေသအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကိုးကန့် ရုပ်သေးအဖွဲ့ဝင်တွေရဲ့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေကို လက်နက်ချ အလင်းဝင်ဖို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) က သတိပေးလိုက်ပါတယ်။
2023-10-28
ထီးချိုင့်နဲ့ ကန့်ဘလူမြို့နယ်တွေမှာ စစ်တပ်က အောက်တိုဘာလ ၂၇ ရက်ကနေ ၂၈ ရက်နေ့မနက်ပိုင်းအထိ လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-10-28
လားရှိုးမြို့နယ်ထဲမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် မြို့ပေါ်ကိုထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် ၁၅၀၀ ဝန်းကျင်ရှိနေတယ်လို့ ပြောပါတယ်။
2023-10-28
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အောက်တိုဘာ ၂၇ ရက်ကစပြီး ဒေသခံ ငါးရာနီးပါး မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးလာကြရတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
2023-10-28
ရှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့အဝင်မှာ အောက်တိုဘာ ၂၈ ရက် မနက် ၁၁ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်တပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။
2023-10-28
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို အောက်တိုဘာ ၂၇ ရက်ညက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ဒေသခံ ခုနစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-10-28
၁၀၂၇ စစ်ဆင်ရေး ပထမနေ့က TNLA ရဲ့ တပ်မဟာ (၁) နဲ့ တပ်မဟာ (၆) ဒေသမှာ စစ်ကောင်စီတပ်စခန်း ငါးခုသိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ သတင်းထုတ်ပြန်ပါတယ်။
2023-10-28
ညမထွက်ရ အချိန်တစ်ခုကိုပဲ ပြောင်းလဲပြင်ဆင်တာဖြစ်ပြီး လူငါးဦးထက်ပိုပြီး စုဝေးခွင့်မပြုတာ၊ ဆန္ဒပြ ဟောပြော စည်းရုံးတာတွေကိုတော့ စစ်ကောင်စီရဲ့ မြို့နယ်ရုံးတွေက ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
2023-10-27
မြန်မာပြည် ငြိမ်းချမ်းရေးပြန်ရဖို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် လာအိုနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင် (Kao Kim Hourn) က ပြောလိုက်ပါတယ်။
2023-10-27
စစ်ကောင်စီနဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အကြား စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က တိုက်တွန်းလိုက်ပါတယ်။
2023-10-27
ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ပြီး ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်ရှာဖွေစုဆောင်းကာ ငွေကြေးလိမ်လည်နေသူ ၉၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၇ ရက်နေ့ညက ကြေညာပါတယ်။
2023-10-27
ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေကြောင့် အရပ်သား ငါးဦး သေဆုံးခဲ့ပါတယ်။
2023-10-27
လိုင်ဇာမြို့အနီးက မုန်လိုင်ခက် ဒုက္ခသည်စခန်းနဲ့ ကျေးရွာမှာ နေထိုင်သူကင်းမဲ့သွားပြီး အပျက်အစီးတွေသာ မြင်တွေ့ရပါတယ်။
2023-10-27
ဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို ဝင်ရောက်စီးနင်းနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ရွာသား ၁၅ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာဆယ်ရွာက လူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-10-27
ရန်ကုန်တိုင်း၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် မနေ့ညက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။