သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-25
မြိတ်-တနင်္သာရီလမ်းဘေးရှိ တုံးဗျောကြီးရွာက အမျိုးသမီးနဲ့ နို့စို့အရွယ် ကလေးငယ်တွေအပါအဝင် ဒေသခံ ငါးဆယ်ခန့်ကို စစ်တပ်က အောက်တိုဘာ ၂၃ ရက်နေ့ကစလို့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြောပါတယ်။
2023-10-25
ကောလင်းမြို့နယ် တောင်ကြီးရွာနဲ့ အင်းမရွာမှာ နှစ်ဦးကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့ပါတယ်။
2023-10-25
မြန်မာမြောက်ပိုင်းဒေကနေ အွန်လိုင်းလိမ်လည်မှု ကျူးလွန်းတယ်လို့ သံသယရှိသူ ငါးထောင်နီးပါး လက်ခံရရှိတဲ့အပေါ် ချီးကျူးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ပြောပါတယ်။
2023-10-25
ထောင်နှစ်ရှည် ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဒီသီတင်းပတ်ထဲမှာ စစ်ကောင်စီထံ စာနဲ့ တရားဝင် တင်ပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-10-25
စစ်အာဏာရှင်စနစ်ကို ချေမှုန်းပြီး ပင်လုံကတိအတိုင်း ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်နိုင်ဖို့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
2023-10-24
မြန်မာစစ်ကောင်စီကို အင်အားချိနဲ့သွားစေဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ပိုမိုထိရောက်တဲ့ လမ်းကြောင်းတွေကို ညှိနှိုင်းလုပ်ဆောင်ရမဲ့အချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး က တိုက်တွန်းလိုက်ပါတယ်။
2023-10-24
ဈေးဆိုင်သိမ်းပြီး ပြန်လာတဲ့ အသက် ၂၃ နှစ်အရွယ် ရွှေရတီကုန်စုံဆိုင်ပိုင်ရှင် မယူတီနှင့် ဆိုင်အကူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တို့ ပစ်သတ်ခံလိုက်ရတာလို့ ပြောပါတယ်။
2023-10-24
နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်ပေးဖို့ တရားရုံးက အချိန်တိုးမြှင့်ခွင့်ပြုလိုက်ပါတယ်။
2023-10-24
အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ ငါးရက်အတွင်း လူမှုကွန်ရက် စာမျက်နှာမှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ ကိုးဦးကိုဖမ်းဆီးထားကြောင်း စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2023-10-24
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း မြို့နယ်လေးခုက အမျိုးသားခြောက်ဦးကို ငါးရက်အတွင်းမှာ စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ရှေ့နေတွေကပြောပါတယ်။
2023-10-24
စစ်ကြောင်းဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ရွှေဘို ဘုန်းဘွဲ့ရွာမှာ အောက်တိုဘာ ၂၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး အသတ်ခံထားရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2023-10-24
လင်ချန်းမြို့ ကုန်စည်ပြပွဲသွားတက်ချိန် အဖမ်းခံလိုက်ရတဲ့ ကိုးကန့်ဒေသက လုပ်ငန်းရှင် ၁၁ ဦး တစ်လနီးပါးကြာတဲ့အထိ အဆက်အသွယ် မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2023-10-23
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အပါအဝင် သံတမန်တချို့ကို ဒီရက်ပိုင်းအတွင်း မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု ဓာတ်ပုံအထောက်အထားတွေ တင်ပြပေးပို့ခဲ့ပါတယ်။
2023-10-23
အာဆီယံနဲ့ကုသလမဂ္ဂမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စအပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
2023-10-23
ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန်တိုင်းမှာ လေးလအတွင်း အရပ်သား ၄၇၃ ဦး သေဆုံးခဲ့ပါတယ်။