သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-02
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၄ ရက်နေ့ က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ပျဉ်းမနားမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးသာချိုကို ဒီကနေ့ မြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လ ချမှတ်ပြီး ရမည်းသင်းထောင် ကို ပို့လိုက်ပါတယ်။
2014-10-02
အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၁ နှစ်ကျော် ကျခံနေရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြသွား မယ်လို့ ကျောက်တံတားမြို့နယ် တရားရုံးကို ဒီနေ့ ရုံးထုတ် ချိန်မှာ ပြောလိုက်ပါတယ်။
2014-10-02
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ ခံထားရတဲ့ အပတ်စဉ်ထုတ် မွန်းတည့်နေ ဂျာနယ်က ထုတ်ဝေသူနဲ့ သတင်းထောက် ၅ ယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးရာ တရားခံပြ သက်သေ သတင်းမီဒီယာသမား ၄ ဦးကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2014-10-01
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ရေကြောင်းရဲတပ်ဖွဲ့တွေ တိုးချဲ့ဖွဲ့စည်း သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နဲ့ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ဒီနေ့ ပြောခဲ့ပါတယ်။
2014-10-01
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အများပြည်သူရဲ့ ယုံကြည် အားကိုးမှုရရှိအောင် ဆောင်ရွက် ဖို့ လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက တိုက်တွန်း ပြောကြား လိုက်ပါတယ်။
2014-10-01
အခုချိန်ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ပိုပြီး ကြိုးပမ်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ကြောင်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်မှသာ နိုင်ငံရေး အသွင်ကူးပြောင်းမှု အခြေအနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ အဆင်ပြေ မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
2014-10-01
၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်မှာပါတဲ့ လူဦးရေ ကိန်းဂဏန်းတွေဟာ မိမိတို့ ကောက်ခံခဲ့တာမဟုတ်ဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-10-01
ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ အတွက် နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံ ဗဟိုဘဏ်က လုပ်ပိုင်ခွင့်လိုင်စင်တွေ ဒီနေ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
2014-10-01
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်ပါ 'အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစား မှုပြုလုပ်ဖို့ ခွင့်ပြုနေသလား' ဆိုတဲ့ သတင်းဖော်ပြချက်ဟာ မိမိတို့ဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2014-10-01
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့စွန် ၊ ဆွန်ဂေ ဘာကပ်မြို့နယ်က အိမ်ဆိုင် တစ်ဆိုင်ကို ရဲတပ်ဖွဲ့က သတင်းအရ မနေ့က ဝင်ရောက် စီးနင်းရာမှာ လူမှောင်ခိုကုန်ကူးဂိုဏ်းတစ်ဂိုဏ်းက မြန်မာ နိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တရားဝင်စာရွက် စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ တယ်လို့ ဘာနားမား မလေးရှား သတင်းဌာနက ဖေါ်ပြ ပါတယ်။
2014-10-01
ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထား တဲ့ မြန်မာအစိုးရရဲ့ ၁၉၈၂ နိုင်ငံသားဖြစ် ခွင့်ဥပဒေကို ကန့်ကွက်ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှား သူတွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အမေရိကန်နိုင်ငံ နယူးရောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။
2014-09-30
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်း ပြောင်းလဲရေးအစီအစဉ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုကြီးတွေက လုံးဝမမျှော်လင့်ထားတဲ့ စိမ်ခေါ်မှုကြီးတွေအဖြစ်နဲ့ အနှောက်အယှက်ကြီးစွာ ဖြစ်စေခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဟြေကြား လိုက်ပါတယ်။
2014-09-30
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်ပြည်တိုးတက်ဖွံ့ဖြိုးရေးပါတီ RNDP တို့ပူးပေါင်းအပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ညီလာခံက ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာအေးမောင်ကို ရွေးခြယ် ဒီကနေ့ ရွေးချယ်တင်မြောက်လိုက်ပါတယ်။
2014-09-30
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၃၀ ကျော်က စာသင်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
2014-09-30
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ညောင်ဝန်းကျေးရွာမှာ မြေယာပိုင်ဆိုင်မှု အငြင်း ပွားနေတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့က တောင်သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့အပေါ် သေနတ်နဲ့ ပစ်ခတ်ခဲ့ သူတွေကို အရေးယူပေးဖို့ ညောင်ဝန်းကျေးရွာမှာ ဒီနေ့ တောင်သူ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။