သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-13
ဒီနေ့ကျရောက်တဲ့ ၉၆ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ပြည်တွင်းပြည်ပ နေရာ အတော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။
2011-02-13
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် လူငယ်ကွန်ရက်အဖွဲ့ကနေ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုကို အခမ်းအနားနဲ့ ငွေကြေး ထောက်ပံ့ခဲ့ပါတယ်။
2011-02-13
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဇာနည် စိတ်ဓာတ်အကြောင်း ဟောပြောပြီး အခမ်းအနား ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
2011-02-12
မြန်မာစစ်အစိုးရ တပ်တွေအတွက် ရိက္ခာသယ်ယူရာမှာ ခိုင်းစေခဲ့တဲ့ အရပ်သားတွေ သေဆုံးမှုကို စစ်တပ် အာဏာပိုင်တွေက လစ်လျူရှုထား တယ်လို့ သိရပါတယ်။
2011-02-12
၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးပါတီ ၁၁ ပါတီ စုပေါင်းပြီး ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း စားသောက်ဆိုင်တဆိုင် မှာ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး လွတ်လပ်ရေး အရယူခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ စိတ်ဓာတ်လို ညီညွတ်ကြဖို့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
2011-02-12
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး ဥပဒေပါ အခွင့်အရေးတွေအတိုင်း ညီတူညီမျှ ခံစားခွင့်ရဖို့နဲ့ နိုင်ငံရေးမှာ တိုင်းရင်းသားအားလုံး ပါဝင်ခွင့်ရဖို့ အထူး အရေးကြီးကြောင်း ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-02-12
စနေနေ့မှာ ကျရောက်မယ့် ၆၄ နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက ပါတီစည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ်မှာ မနေ့က နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2011-02-12
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ် ကွန်ယက် ဖွဲ့စည်းရေးလမ်းညွှန်မှုနဲ့ လူငယ်ကွန်ယက် ချိတ်ဆက်မှုအရ ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဖွင့်ထားတဲ့ ဗေဒါသင်တန်းကျောင်း BAYDA Institute ကို နေရာပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ သိရပါတယ်။
2011-02-11
“အချင်းချင်ကြားမှာ နားလည်မှုရဖို့ ယုံကြည်မှုရဖို့အတွက်က တဖက်သားအမြင်ကို ကြည့်တတ်ဖို့ လိုပါတယ်၊ ကိုယ်ဖြစ်စေချင်တာတွေ ကိုယ့်စိုးရိမ်မှုတွေကိုပဲ အလေးထားနေမယ်ဆိုရင် နားလည်မှု ယူဖို့ ခက်ပါလိမ့်မယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားများအကြား ညီညွတ်ဖို့အတွက် အပြန်အလှန် လေးစား တန်းဖိုးထားဖို့က အရေးကြီးပါတယ်။ လွယ်လွယ်နဲ့ မဖြစ်နိုင်ရင်တောင်မှ တကယ့်ကို ဆန္ဒရှိရင် ချစ်ခင်ရင်းနှီးမှုတွေ ပြုစုပျိုးထောင်လို့ ရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ် `လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးတည်ပြီး ပြောသွားပါတယ်။
2011-02-11
ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေပြည်တော်က လွှတ်တော် အစည်းအဝေးမှာ အစိုးရသစ် ဝန်ကြီးရာထူးအတွက် တင်သွင်း ထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက အတည်ပြုခဲ့ပေမဲ့ ဝန်ကြီးစာရင်းမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ထည့်သွင်း စဉ်းစားခဲ့တာ မရှိတဲ့အတွက် ကိုယ်စားလှယ်တချို့ အကြား သံသယတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
2011-02-11
ဖေဖော်ဝါရီ၁၃ရက်နေ့မှာ ကျရောက်မဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်း အမှတ်အတွက် NLDပါတီက ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ မူလတန်းကျောင်းအချို့ကို ဒီရက်ပိုင်း အတွင်း ဗလာစာအုပ် လိုက်လံဝေငှ လှူဒါန်းနေတာကို အထက်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် အရဆိုပြီး တချို့ကျောင်းတွေက လက်မခံပဲ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ် ။
2011-02-11
နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်က သမတ ဦးသိန်းစိန် တင်သွင်းထားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအယောက် ၃၀ အမည်စာရင်းကို ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
2011-02-11
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို တယ်လီဖုန်းကတဆင့် ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းက ဆွေးနွေး စကားပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-02-11
မြန်မာစစ်အစိုးရရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေအပေါ် စုံစမ်း စစ်ဆေးရေးကိစ္စကို ကုလသမဂ္ဂကိုယ်တိုင် ဆောင်ရွက်မှ ဖြစ်တော့မယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK က ပြောလိုက်ပါတယ်။
2011-02-10
နေပြည်တော်မှာ ဆက်လက် ကျင်းပနေတဲ့ လွှတ်တော်မှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက နိုင်ငံရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ မူဝါဒ ပြုပြင် ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး အဆို တင်သွင်းတာတွေနဲ့ မူကြမ်း တင်ပြတာတွေရှိတယ်လို့ သိရပါတယ်။