သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-21
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ နဲ့ အယ်ဒီတာ ကိုဝေယံဟိန်း သတ်သူကို ဖမ်းဆီးမိပြီလို့ မြန် မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ သတင်းထုတ်ပြန် လိုက်ပါတယ်။
2017-04-20
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေဟာ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍမှာ အများ ဆုံးဖြစ်တယ်လို့ နစ်ခေး အေးရှားရီဗြူးသတင်းက ဖော်ပြ ပါတယ်။
2017-04-20
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်က မင်္ဂလာဈေးဝန်းတွင်းမှာရှိ တဲ့ ကေတီဗွီ၊ နိုက်ကလပ် ဖျော်ဖြေရေး လုပ်ငန်းတွေကို ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပိတ် သိမ်းဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်တီက ညွှန်ကြားထားပါတယ်။
2017-04-20
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သြင်္ကန်ပြန်ရာမှာ တရားမဝင် လမ်းကြောင်းကနေ ပြန်ခဲ့တဲ့ အတွက် ပြန်လည်သွားရောက်ဖို့ စာရွက်စာတမ်းအထောက် အထား မစုံလင်တာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့ကြ ရပါတယ်။
2017-04-20
တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ အသက်ကိုးဆယ်နဲ့အထက် ဘိုးဘွားတွေ ကို ထောက်ပံ့ငွေပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက စာရင်းတွေ ကောက် ယူနေပါတယ်။
2017-04-20
သြင်္ကန်တွင်းမှာ YBS ဘတ်စ်ကားတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတဲ့အမှု ၃၈ မှုရှိပြီး အများစုက ယာဉ်စီးခပိုတောင်းတဲ့ ကိစ္စတွေဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
2017-04-20
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နဲ့ သိန္နီမြို့ကြားက ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှာ ဧပြီလအတွင်း မူးယစ်ဆေးဝါး၊ သစ်နဲ့ နွားတွေကိုပါ ဖမ်းဆီးမိခဲ့ပါတယ်။
2017-04-20
ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလာမယ့် ဧပြီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
2017-04-20
မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့တံတားကို မူလနာမည် သံလွင်တံတား (ချောင်းဆုံ) လို့ ပြန်လည် နာမည်ပေးဖို့ မွန်တိုင်းရင်းသားတွေ စုပေါင်းလက်မှတ်ရေး ထိုးပြီး တိုင်းရင်သားရေးရာဝန်ကြီးထံ ပေးပို့တောင်းဆို သွားမှာဖြစ်ပါတယ်။
2017-04-19
BCIM လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ ၄ နိုင်ငံကြား စီးပွားရေးစြင်္ကန်လမ်း တည်ဆောက်ရေး စီမံကိန်းအတွက် ဆွေးနွေးတိုင်ပင်တဲ့ လုပ်ငန်းစဉ်တွေကို လာမယ့်သီတင်းပတ်အတွင်း ဧပြီလ ၂၅ နဲ့ ၂၆ ရက်နေ့တွေ မှာ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။
2017-04-19
ဝ,အထူးဒေသ-၂ ပန်ခမ်းမြို့မှာ ငါးရက် ကြာကျင်းပ ခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့ က ခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကနေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေး မယ့် "နိုင်ငံရေးဆွေးနွေးရေးကော်မတီ" ကို "ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖြစ် ပြောင်း လဲသတ်မှတ်လိုက်ပါတယ်။
2017-04-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ဧပြီလကုန်ပိုင်းမှာ ဥရောပတိုက်က ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိန် စတဲ့ လေးနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ထွက်ခွာမယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သတင်းမီဒီယာတွေကို ပြောပါတယ်။
2017-04-19
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ်တွေ ပျက်စီးခဲ့ရတဲ့ အိမ်ထောင်စု ၄ဝ ကျာ် လူဦးရေ ၂၀၀ ကျော်အတွက်လိုအပ်တဲ့ အိမ်အမိုးတွေနဲ့ အခြေခံရိက္ခာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
2017-04-19
ရန်ကုန်မြို့ သာကေတနဲ့ ရန်ကင်းမြို့ နယ်တွေ က နေရာ ၄ ခုမှာ ကျပ်သန်းပေါင်း သုံးသောင်းကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ၁ အပါအဝင် သံသယရှိသူ ၇ ဦးကို ဖမ်းဆီး လိုက်ပါတယ်။
2017-04-19
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်း တိုင်းဒေသကြီး အင်းတော်မြို့နယ် က ကျေးရွာအုပ်စု ၄ ခု ရဲ့ လမ်းတံ တားဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ကျပ် သိန်းပေါင်း ၂၇၀၀ ကျော်ကို နိုင်ငံတော်ကခွင့်ပြုခဲ့ရာမှာ ကျပ်သိန်း ရှစ်ရာကျော်ကိုသာ သုံးစွဲခဲ့တာကြောင့် ပိုငွေ ကျပ်သိန်း ၁၉၀၀ ကို ရှင်းလင်းပေးဖို့ ဒေသခံတွေကို ကိုယ်စားအဖွဲ့တစ်ခုက နိုင်ငံတော်အတိုင်ပင်ပင်ခံရုံးကို စာပေးပို့ တိုင်ကြားလိုက်ပါတယ်။